Connect with us

Videos

ရှားပါး ဦးခေါင်းခွံမူမမှန်သည့်ကလေးငယ်ကို 3D နည်းပညာဖြင့်ဦးခေါင်းပုံဖော်ကုသ

ဟိုင်နန်၊ ဧပြီ ၂၁ (ဆင်ဟွာ)

ဟိုင်နန်ကလေးဆေးရုံတွင် ရှားပါး ဦးခေါင်းခွံမူမမှန်သည့်ဝေဒနာကိုခံစားရသည့် အသက် ၁ နှစ်အရွယ်ကလေးငယ်လေးတစ်ဦးကို ဆရာဝန်များက 3D နည်းပညာသုံးပြီး ဦးခေါင်းခွံပုံဖော်ကာ ကုသပေးခဲ့ကြောင်းသိရသည်။ ဆရာဝန်များကဖြစ်နိုင်ခြေရှိသည့်အကျိုးအပြစ်များကိုဘက်ပေါင်းစုံမှ လေ့လာစမ်းသပ်ခဲ့ပြီး ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်းသိရသည်။

ကုသမှုတွင်ပါဝင်သည့်ဆရာဝန်တစ်ဦးဖြစ်သူWu Shuihua က “3D နည်းပညာသုံးဦးခေါင်းခွံက CT scan အချက်အလက်များကိုအခြေခံထုတ်လုပ်ထားတာပါ။ ဒါက တကယ့်ပုံသဏ္ဍန်အရွယ်အစားပါဘဲ။ ကျွန်မတို့ ကလေးရဲ့ အခြေနေကို သေသေချာချာသိနိုင်ပြီး တကယ့်ခွဲစိတ်မှုမလုပ်ခင်မှာ အဲဒါနဲ့အစမ်းလေ့ကျင့်လို့ရပါတယ်” ဟုပြောကြားခဲ့သည်။

ရှားပါးဦးခေါင်းခွံမူမမှန်သည့်ဝေဒနာမှာ အရွယ်မတိုင်ခင် ဦးခေါင်းတည်ဆောက်ပုံနှင့် ဦးခေါင်းရိုးကြွက်သားများက ပူးကပ်လာသည့်ရှားပါးရောဂါ လက္ခဏာတစ်ခုဖြစ်ပြီး ကလေးငယ်၏ သင်ယူလေ့လာနိုင်စွမ်းနှင့်ကျန်းမာရေးအခြေနေများကိုပြင်းထန်စွာတားဆီးခြင်းဖြစ်သည်။ထိုရောဂါလက္ခဏာမှာ မွေးစကလေး ၁ဝဝဝ ဦးတွင် ဝ.၆ ရာခိုင်နှုန်းတွင်သာဖြစ်ပွားလေ့ရှိကြောင်းသိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.