Videos
ကုန်ကျစရိတ်သက်သာသည့် AI နည်းပညာဖြင့် COVID-19 ကူးစက်ခံရမှုရှိမရှိ စစ်ဆေးနိုင်မည့် စမ်းသပ်ကိရိယာ အစ္စရေးပြုလုပ်
ဂျေရုစလင်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံက သုတေသီများသည် COVID-19 ကူးစက်ခံရမှု ရှိမရှိကို AI နည်းပညာ ဖြင့် အမြန်ဆုံး ရှာဖွေ ဖော်ထုတ်နိုင်မည့် နည်းစနစ်တစ်ခုကို စမ်းသပ်လျက်ရှိကြောင်းသိရသည်။ အစ္စရေးနိုင်ငံ အလယ်ပိုင်း ရှီဘ ဆေးဝါး စင်တာတွင် အစ္စရေးနိုင်ငံပိုင် Newsight Imaging ကုမ္ပဏီက ထုတ်လုပ်သည့် ရောင်စဉ်တန်းဖြင့် COVID-19 ရှိမရှိကို စစ်ဆေးနိုင်သည့် ကိရိယာ ဖြင့် စမ်းသပ်နေခြင်းဖြစ်သည်။
အဆိုပါ ကိရိယာသစ်သည် သွေးရည်ကြည် သို့မဟုတ် တံတွေးနမူနာကို တစ်ခါသုံးစစ်ဆေးရေးပြွန်ငယ်တစ်ခု အတွင်းသို့ထည့်သွင်းပြီးနောက် ဗိုင်းရပ်စ်ရှိမရှိကို စက္ကန့်ပိုင်းအတွင်း ရလဒ်ထုတ်ပြန်ပေးနိုင်သည်။ ၎င်းကိရိယာသည် ကွန်ပျူတာ mouse တစ်ခု အရွယ်အစားသာရှိပြီး ရောင်စဉ်တန်းဖြင့် စစ်ဆေးနိုင်သည့် ချစ်ပ်ပြားတစ်ခုအပေါ် အခြေခံထုတ်လုပ်ထားသောကြောင့် အလင်းတန်းကိုအသုံးပြုကာ နမူနာများကို စစ်ဆေးခြင်းဖြစ်သည်။
COVID-19 ကို ယခု ကိရိယာဖြင့် စစ်ဆေးခြင်းဖြင့် ဈေးနှုန်း ကြီးမားစွာ စစ်ဆေးနေရမှုများနေရာတွင် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိသည့် ချစ်ပ်ပြားများဖြင့် အစားထိုးစစ်ဆေးနိုင်တော့မည်ဖြစ်သည်။ထိုစစ်ဆေးမှုက ကျန်းမာသည့်လူများတွင် ရှိနေတတ်သည့် ဗိုင်းရပ်စ်နှင့် ရောဂါ ကူးစက်ခံရသည့် ဗိုင်းရပ်စ်ကိုလည်းသီးသန့်ခွဲခြားစစ်ဆေးနိုင်ကြောင်းသိရသည်။ (Xinhua)