Connect with us

Videos

တရုတ်ပြည်တွင်းဖြစ်ခရီးသည်တင်လေယာဉ် ARJ21ရာသီဥတုဆိုးဝါးသည့်မြောက်ပိုင်းဒေသတွင် စတင်ပြေးဆွဲ

ဟေလုံကျန်း၊ မေ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းဟေလုံကျန်းဒေသတွင် ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် ARJ21 စတင်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ အဆိုပါဒေသမှာ အမြင့်ပိုင်းဒေသတွင်ကျရောက်သောကြောင့် ဆောင်းတွင်း၌ အပူချိန်မှာ အနုတ် ၃ဝ ဒီဂရီဆဲလ်စီးယပ်အောက်ကျသည်အထိ ရာသီဥတုပြင်းထန်သည်။

“ARJ21 လေယာဉ်က အရမ်းအေးတဲ့ ဒေသမှာ ပျံသန်းဖို့ စစ်ဆေးမှုတွေအောင်မြင်ထားပါတယ်။ လေယာဉ်လမ်းကြောင်းသစ် ပျံသန်းရာမှာ စိတ်ချရအောင် ဟေလုံကျန်းမှာ မနှစ်က တစ်လတိတိ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ အဲဒီလေယာဉ်က အပူချိန် အနုတ် ၃ဝ ဒီဂရီ အောက်မှာတောင် အင်ဂျင်ပြဿနာတို့ ဆီယိုဖိတ်တာတို့မရှိဘဲ ကောင်းကောင်းမွန်မွန်ပျံသန်းနိုင်ခဲ့ပါတယ်။” ဟု ARJ21 လေယာဉ်၏ chief designer Chen Yong က ဆိုသည်။

ARJ21လေယာဉ်မှာ ပြည်တွင်းတွင်ပြေးဆွဲရန်ထုတ်လုပ်ထားသည့်လေယာဉ်ဖြစ်ပြီး ထိုင်ခုံ ၇၈ ခုံမှ ၉ဝ အထိ ရှိကာ ၃၇ဝဝ ကီလိုမီတာအထိ ပျံသန်းသွားလာနိုင်သည်။ ၂ဝ၁၆ ခုနှစ် ဇွန်လ တွင် ၎င်း၏ ပထမဆုံး ခရီးစဉ်စတင်ခဲ့ပြီး ရာသီဥတုဆိုးဝါးသည့် မြောက်ပိုင်းဒေသကိုယခုစတင်ပြေးဆွဲလျက်ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.