Connect with us

Videos

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား တွင်မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ က မြန်မာ နိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း မှာ လွန်ခဲ့သည့် ၁၀ နှစ် တာ ကာလ အတွင်း အဆက်မပြတ် တိုးမြင့်လာခဲ့ပြီးမြန်မာနိုင်ငံနှင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ရန် လိုလားခဲ့ကြကြောင်း ၊CECCM အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင် နှင့် အစိုးရ အကြား ဆွေးနွေးညှိနှိုင်းသည့် အရေးပါသည့် ပလက်ဖောင်း တစ်ခု အဖြစ် ဖြစ်တည်စေလိုပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား အဆက်မပြတ် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက် စေလိုကြောင်းပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု မှာ အဆက်မပြတ် တိုးတက်လာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် လယ်ယာ စိုက်ပျိုး ထုတ်လုပ်မှု ကို အဓိက ဆောင်ရွက်နေပြီး ကုန်ချော အဖြစ် ပြည်ပ သို့ တင်သွင်း နိုင်ရန် အတွက် တရုတ် နိုင်ငံ လုပ်ငန်းရှင်များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၌ နည်းဥပဒေ နှင့် အဖွဲ့အစည်းသစ်များ ကို ဆောင်ရွက် ခဲ့သည့် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု ကိုလည်း အစဉ်တစိုက် ထောက်ခံအားပေးခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု မှ မဟာဗျူဟာမြောက် ဆက်ဆံရေး အထိ တက်လှမ်းရန် အတူတကွ ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် CECCM က မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ CECCM အဖွဲ့ဝင် များ အနေဖြင့် မြန်မာ နိုင်ငံ ဒေသအသီးသီး ၌ ရင်းနှီးမြှုပ်နှံမှု များ ပေါင်းစပ်ဆောင်ရွက်သွားမည် ဆိုပါက နှစ်နိုင်ငံ အကြား အောင်မြင်မှု ရလဒ် များ ပိုမို ရရှိစေမည် ကို ယုံကြည်ကြောင်း ၊ CECCM အဖွဲ့ဝင် များ အနေဖြင့် နှစ်နိုင်ငံ အကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု တွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ကို အဆက်မပြတ် တိုးတက်စေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကUMFCCI က မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု တိုးတက်ရေး အတွက် အဖွဲ့အစည်း များ တည်ထောင်ခြင်း ကို ကြိုဆိုကြောင်း ၊ CECCM အဖွဲ့ဝင် များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ CECCM က နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် စာမျက်နှာသစ်များ ဖွင့်လှစ်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) က CECCM အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်များ အကြား ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် မြန်မာ နိုင်ငံ ၌ တရားဝင် မှတ်ပုံတင် ဖွဲ့စည်း ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အကျိုးစီးပွား အဓိကမထား သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ CECCM အနေဖြင့် အဖွဲ့ဝင် များအား မြန်မာ နိုင်ငံ ဥပဒေ နှင့် မူဝါဒ ပိုင်းဆိုင်ရာ အချက်အလက် နှင့် အကြံပြုချက် များ ကူညီထောက်ပံ့မှု ကို ဆောင်ရွက်ပေးခဲ့သည်။ လက်ရှိအချိန်တွင် CECCM တွင် အဖွဲ့ဝင်ပေါင်း ၂၆၀ ကျော် ရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်း ၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်း ၊ ICT ဆက်သွယ်ရေး လုပ်ငန်း ၊ စိုက်ပျိုးရေး ၊ လျှပ်စစ် ၊ ခရီးသွား နှင့် ဝန်ဆောင်မှု စသည့် ကဏ္ဍ အသီးသီး မှ အဖွဲ့ဝင်များ ပါဝင်ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.