Videos
တရုတ်နိုင်ငံရှင်းကျန့် ဒေသတွင် COVID-19 စစ်ဆေးရန် ရွေ့လျားဓါတ်ခွဲခန်းများကို တပ်ဆင်
ရှင်းကျန့်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန့် ဒေသတွင် ဒေသခံများအား နျူကလစ်အက်ဆစ်များစုဆောင်းရန်နှင့် COVID-19 ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးမှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် PCR ရွေ့လျား ဓါတ်ခွဲခန်းများစွာကို တပ်ဆင်ခဲ့ရာ ဓါတ်ခွဲခန်းတစ်ခု တွင် တစ်ရက်လျှင် လူပေါင်း ၃သောင်းနီးပါးခန့်ကို စစ်ဆေးပေးနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ရှင်းကျန့် ပါးရင်းကော်လန် မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယွမ်ငွေ ၁၃ သန်း (အမေရိကန်ဒေါ်လာ ၁.၉ သန်းခန့်) အကုန်အကျခံကာ PCR ရွေ့လျားဓါတ်ခွဲခန်း ၈ ခန်းကို ဝယ်ယူ တပ်ဆင်ခဲ့သည်။၎င်းဓါတ်ခွဲခန်းများထဲမှ တစ်ခုကို ရှန်းကူ စက်မှု ဥယျာဉ်တွင် တပ်ဆင်ခဲ့ရာ ကုမ္ပဏီလုပ်ငန်းစုပေါင်း ၁၅၀ မှ ဝန်ထမ်းပေါင်း ၁၀,၀၀၀ အား စစ်ဆေးပေးနိုင်ခဲ့ကြောင်းသိရသည်။
Shangku Industrial Park မှ ညွှန်ကြားရေးမှူး Xian Zhi က
“ကျွန်တော်တို့ လုပ်ငန်းခွင်ဟာဆိုရင် မြို့နဲ့ ၇၀ ကီလိုမီတာ အကွာမှာ ရှိနေတာပါ ဒါဟာလည်း ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ အတွက်တော့ အတော်လေးအဆင်ပြေတာပေါ့လေ”
Jiang Yunfei က “ကပ်ရောဂါ ကာကွယ်ရေးနှင့် စစ်ဆေးရေးကို ဒီမှာပြုလုပ်ပေးလို့ ကျွန်တော်တို့ လုပ်ငန်းထုတ်လုပ်ရေးကဏ္ဍ မှာ အလွန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာစေပါတယ်”
လုပ်ငန်းခွင်အတွင်း စစ်ဆေးရေးလုပ်ငန်းအနေဖြင့် ပြည်နယ်ဖြတ်ကျော်ဝင်ရောက်လာသည့်ကုန်တင် ယာဉ်မောင်းများကို မိနစ်အနည်းငယ်အတွင်း အခမဲ့ စစ်ဆေးမှုများကိုပြုလုပ်ပေးခဲ့သည်။
ထရပ်ကားမောင်းနှင်သူ Tian Xicai က “ အခုလို အခမဲ့ စစ်ဆေးပေးမှုဟာ ကျွန်တော်တို့အတွက်တော့တော်တော်ကို အဆင်ပြေပါတယ် တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ”
ရှင်းကျန့်ဒေသတွင် ဩဂုတ် ၃၁ ရက်တွင် COVID-19 နှင့် အဆုတ်ရောဂါ ဆိုင်ရာ ကူးစက်ခံရသူလူနာ မရှိကြောင်းသိရသည်။ (Xinhua)