Connect with us

Videos

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်မှုများ ဆက်လက်ဆောင်ရွက်ရင်း မူလပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံပေကျင်းမြို့တွင် စက်တင်ဘာ ၈ ရက် မနက်ပိုင်းကနိုင်ငံအတွင်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးစံပြလုပ်ဆောင်ခဲ့သူများအားချီးကျူးဂုဏ်ပြုသည့် အခမ်းအနားကျင်းပခဲ့သည်။ထိုသို့အခမ်းအနားကျင်းပခြင်းမှာ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် အခြေအနေများအားလုံးမူလပုံမှန်အတိုင်း တဖြည်းဖြည်းပြန်လည်ရောက်ရှိလာသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည်။ဝူဟန့်မြို့သည် တစ်ချိန်က COVID-19 ကူးစက်ပြန့်ပွားရာဗဟိုချက်တစ်ခုဖြစ်ခဲ့ပြီးတစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုခံရသည့်မြို့ဖြစ်ခဲ့သည်။

ရေပန်းဥယျာဉ်များ၊ ဘီယာပွဲတော်များနှင့်အတူညဈေးတန်းများ က ဝူဟန့်မြို့အားအသစ်တဖန် အသက်ဝင်စေခဲ့သည်။တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင် ကျင်းပခဲ့သည့် ဘီယာပွဲတော်တွင် လာရောက်ပျော်ပါးဆင်နွှဲခဲ့ကြသူပေါင်း ၁.၂၁ သန်းခန့်ပင်ရှိသည်။

COVID-19 ကပ်ရောဂါ ကြီးအားကျော်လွှားနိုင်ခဲ့ပြီးနောက် ဈေးများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင်လည်းလူဦးရေ ၉၂ ရာခိုင်နှုန်းခန့်အထိပြန်လည်စည်ကားသက်ဝင်နေပြီဖြစ်သည်။မြို့တော်ပေကျင်းတွင်လည်းဥရောပတိုက်နှင့်အာရှတိုက်ရှိနိုင်ငံ ၈ နိုင်ငံသို့ လေကြောင်းတိုက်ရိုက်ပျံသန်းမှုခရီးစဉ်များတဖြည်ဖြည်းပြန်လည်စတင်ခဲ့ပြီဖြစ်သည်။

နဂိုမူလပုံမှန်အခြေအနေသို့ပြန်လည် ကူးပြောင်းနေသည့် တရုတ်နိုင်ငံတွင် COVID-19 အသစ်တဖန် ပြန်လည် ဖြစ်ပွားမှုအားကာကွယ်နိုင်မည့် အစီအရင်များကိုလည်းမပြတ်ဆောင်ရွက်လျက်ရှိသည်။WHO အရေးပေါ် ကျန်းမာရေးအစီအစဉ်မှ အမှုဆောင် ညွှန်ကြားရေးမှု Michael Ryan က “ တရုတ်နိုင်ငံမှာ COVID-19 တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြသည့် သူရဲကောင်းများအားလုံးနဲ့ အခုလိုရောဂါ ကူးစက်မှုနှုန်းကိုအနိမ့်ဆုံးအခြေအနေအထိရောက်ရှိလာအောင် အတူတကွ မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ပြည်သူများအားလုံးကိုလှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်၊ တရုတ်သိပ္ပံနည်းပညာအဖွဲ့အစည်းများနဲ့အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေအားလုံးရဲ့ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်းအခုလိုအောင်မြင်တဲ့ ရလဒ်တွေကိုရရှိခဲ့ကြတာဖြစ်ပါတယ်၊ ဒါကြောင့်လည်းကျွန်တော်တို့ အနေနဲ့ အခုလိုမျိုးအောင်မြင်တဲ့ ရလဒ်တွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ရှေ့တန်းကတာဝန်ထမ်းဆောင်ခဲ့ကြသူများနဲ့ တရုတ်နိုင်ငံလူမှုအဖွဲ့အစည်းတစ်ခုလုံးကိုဂုဏ်ပြုရခြင်းဖြစ်ပါတယ်၊ ဒါပေမဲ့ အခြားနိုင်ငံတွေမှာလေ့လာတွေ့ရှိခဲ့ရသလို ကျွန်တော်တို့အနေနဲ့ COVID -19 ကိုတစ်ကမ္ဘာလုံးမှာလုံးဝပျောက်ကင်းသွားအောင်မတိုက်ဖျက်နိုင်သရွေ့ အဲဒီရောဂါဟာပျောက်ကွယ်သွားဦးမှာတော့မဟုတ်ပါဘူး” ဟုဆိုသည်။ 

WHO အရေးပေါ်ကျန်းမာရေးအစီအစဉ်မှ နည်းပညာဆိုင်ရာခေါင်းဆောင် Maria Van kerkhove က “ အခုအချိန်မှာတရုတ်နိုင်ငံမှာကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် စနစ်တစ်ခုလုံးစတင်နေတဲ့အပြင် နိုင်ငံများစွာမှာလည်းပြင်ဆင်နေတာကိုမြင်တွေ့နိုင်ပါတယ် ၊ ဒါကြောင့်ကျွန်မပြောချင်တာကတော့ ကျွန်မတို့ အခုလက်ရှိရောက်နေတဲ့ အခြေအနေမှာအောင်မြင်မှုကိုဂုဏ်ပြုဖို့ပါပဲ ၊ ဒါဟာကျေနပ်ရောင့်ရဲနေလိုက်တာမျိုးတော့မဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အလုံးစုံကျော်ဖြတ်နိုင်သေးတာမဟုတ်လို့ပါပဲ၊ ဒါပေမဲ့ အသင့်အနေအထားတော့ရောက်ရှိနေပါပြီ၊ ဒါဟာအပြုသဘောဆောင်တယ်လို့ ကျွန်မအနေနဲ့ ထင်မြင်ယူဆမိပါတယ် ဒါကြောင့်ကျွန်မတို့အနေနဲ့ တစ်ကမ္ဘာလုံးအသိပညာတွေကို မျှဝေရင်းနဲ့ အောင်မြင်မှုတွေကိုအတူတကွ ပိုမိုဂုဏ်ပြုသွားနိုင်ကြဖို့ မျှော်လင့်ကြရမှာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.