Videos
တရုတ်နိုင်ငံတွင် အဓိကလူအုပ်စုများအား COVID-19 ကာကွယ်ဆေး ထိုးနှံပေး
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
ယခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီကာလအတွက် တရုတ်နိုင်ငံတွင် အဓိကလူအုပ်စု အချို့အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးမှုများ စတင်ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပြည်နယ်နှင့်မြို့အသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုများ စတင်နေပြီဖြစ်ရာ ပြည်ပတင်သွင်း အအေးခန်းကုန်ပစ္စည်းလုပ်ငန်း(အေးခဲသားငါး)နှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်သူများနှင့် ပညာသင်သွားရောက်သူများအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ အခြားလူအုပ်စုများကို ကျယ်ပြန့်စွာ ထိုးနှံပေးမည်ဖြစ်ရာ တရားဝင်ခွင့်ပြုချက်ရရှိသည့်အခါ ဈေးကွက်တင်ခြင်းနှင့် ကာကွယ်ဆေး ပုံမှန် ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)