Connect with us

Videos

Donald Duck နှင့် Chipmunk တို့ ထိုက်ချိကစား

ရှန်ဟိုင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

အစမ်းဖွင့်လှစ်လိုက်သည့် တရုတ်နိုင်ငံ ၏ ပထမဆုံး ရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ် တွင် တရုတ်လူမျိုး လာရောက်လည်ပတ်သူများအတွက် Donald Duck နှင့် ရှဉ့်ကလေး Chipmunk တို့ပါဝင်သည့် Disney အဖွဲ့မှ ဝတ်စုံပြည့်ဝတ်ဆင်ကာ ထိုက်ချိအားကစား သရုပ်ပြခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။

၎င်းတို့သရုပ်ပြသည့်ထိုက်ချိအားကစားကိုရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ်တစ်ခုတွင်သာပြသခြင်းဖြစ်ပြီးဒေသခံပညာရှင် က ပူးပေါင်းပါဝင်ပေးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့က စပြီး ပုံမှန်ဖွင့်လှစ်သွားတော့မည့် ရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ်တွင် ယခု ဖျော်ဖြေမှုသည်ပုံမှန်ဖျော်ဖြေမှုတစ်ခုဖြစ်လာမည်ဖြစ်သည်။

ရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ် တွင် လူသိများကျော်ကြားသည့် ဒစ်စနေကာတွန်းဇာတ်ကောင်များ ကို တရုတ်ရိုးရာ ရာသီခွင်စက်ဝိုင်းတွင်အသုံးပြူသည့် တိရစ္ဆာန်များ အဖြစ်ပြောင်းလဲကာ ဒီဇိုင်းရေးဆွဲထားသည်။ တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဥယျာဉ်တစ်ခုဖြစ်သောကြောင့် ဥယျာဉ်ထဲတွင် အဆောက်အဦးများမှာ တရုတ်ရိုးရာယဉ်ကျေးမှုအငွေ့အသက်များဖြင့်လွှမ်းခြုံထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.