Videos
တရုတ်နိုင်ငံတွင် drone များ ဖြင့် မြစ်ချောင်းများအတွင်း တရားမဝင်ရေဆိုးစွန့်ထုတ်မှုများကို စောင့်ကြည့်
ဟူပေ၊ မေ ၂ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဟူပေပြည်နယ်တွင် သုတေသီများက drone များကို အသုံးပြုကာ မြစ်ချောင်းများအတွင်း တရားမဝင်ရေဆိုးစွန့်ထုတ်မှုများကို စောင့်ကြည့်ထိန်းချုပ် လျက်ရှိကြောင်းသိရသည်။ hyperspectral ပုံရိပ်ဖမ်းနည်းပညာကို အသုံးပြုထားသည့် အဆိုပါ drone များမှာ မြစ်ကြောင်းတစ်လျှောက်ရှိ မြင်ကွင်းပုံရိပ်များကို မှတ်သားရိုက်ယူပြီး အချက်အလက်များကိုပေးပို့ခြင်းဖြစ်သည်။ ထိုအချက်အလက်များကို လေ့လာကာ မြစ်ချောင်းများအတွင်း ရေဆိုးများ စွန့်ထုတ် မှုရှိမရှိကို ရှာဖွေဖော်ထုတ်ကာ ရေထုညစ်ညမ်းမှု မရှိအောင်ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)