Videos
ယာဉ်ရပ်နားရန်နေရာ အလိုအလျောက် ရှာဖွေရပ်နားနိုင်သော လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား FF91 အား မိတ်ဆက်
လက်ဗီးဂတ်စ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
မောင်းနှင်သူမပါဝင်ဘဲ ယာဉ်ရပ်နားရန်နေရာကို အလိုအလျောက် ရှာဖွေရပ်နားနိုင်သော လျှပ်စစ်စွမ်းအင်သုံး မော်တော်တော်ကား FF91 ကို အမေရိကန် စွန့်ဦးတီထွင်နည်းပညာ ကုမ္ပဏီ ဖရာဒေးဖျူးချား (Faraday Future) က ဇန်နဝါရီလ ၅ ရက်နေ့က အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့သော ၂၀၁၇ ခုနှစ် Consumer Electronic Show ကားပြပွဲမှာ ကြော်ငြာ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယင်းကုမ္ပဏီဟာ တရုတ်နည်းပညာကုမ္ပဏီ လီယိုအီကို (Leo Eco) ၏ မိတ်ဖက်ကုမ္ပဏီလည်း ဖြစ်သည်။
ကုမ္ပဏီ၏ လျှပ်စစ်မော်တော်ကားအား မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲကို ကမ္ဘာတစ်ဝန်းမှ မီဒီယာ ထောင်ပေါင်းများစွာ တက်ရောက် သတင်းရယူခဲ့ကြသည်။ ယင်း FF91 လျှပ်စစ်မော်တော်ကားဟာ ဘတ္ထရီအားသိုလှောင်နိုင်မှု စံချိန်အမြင့်ဆုံးတင်ထားပြီး တစ်ခါ အားသွင်းထားလျှင် ၇၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါသည်။ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှုန်းကို ၂.၃၉ စက္ကန့်အတွင်း မောင်းနှင်နိုင်ပြီး တယ်လ်ဆာ(Telsa)၊ ဖာရာရီ၄၈၈ (Farari488) နှင့် ဆာ့ဗ်(SUV) တို့၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါသည်။
ကုမ္ပဏီအနေနှင့် FF91 ၏တန်ဖိုးကို ကြေညာခြင်းမရှိသေးသော်လည်း ကြိုတင်အမှာစာများကို လက်ခံနေပြီဟုသိရသည်။ FF91 လျှပ်စစ်မော်တော်ကားများကို ၂၀၁၈ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် စီးရေ ၃၀၀ ဖြန့်ချိမှာဖြစ်ပြီး မှာယူလိုသူများအနေနှင့် ကြိုတင် ပေးသွင်းငွေ ဒေါ်လာ ၅၀၀၀ သွင်းပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။ (Xinhua)