Connect with us

Videos

လူလိုက်ပါခြင်းမရှိသည့် Hailong III ရေငုပ်သင်္ဘော ရေအောက် ၄၂၆၆ မီတာတွင်လေ့လာမှုများပြုလုပ်

ပေကျင်း၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ရေကြောင်းသွားလာမှုဆိုင်ရာလေ့လာမှုများပြုလုပ်ရန်၊ ပင်လယ်ရေနက်ပိုင်းတွင်စူးစမ်းမှုများ ပြုလုပ်ရန် နှင့် ရေထွက်ပစ္စည်းနမူနာများစုဆောင်းရယူရန်အတွက် လူလိုက်ပါခြင်းမရှိသည့် Hailong III ရေငုပ်သင်္ဘောကို အနောက်ပစိဖိတ်သမုဒ္ဒရာ ရေအောက် ၄၂၆၆ မီတာ သို့စေလွှတ်ကာ လေ့လာမှုများပြုလုပ်စေခဲ့သည်။ ၎င်းရေငုပ်သင်္ဘောမှာ သမုဒ္ဒရာအတွင်း ၄၅ ရက်ကြာ လေ့လာမှုများကို ပြုလုပ်လျက်ရှိသည့် Dayang Yihaoသင်္ဘော ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး မီတာ ၆ဝဝဝ အနက်အထိ ဆင်းသက်ကာ လေ့လာမှုများပြုလုပ်နိုင်စေရန် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ Hailong ဟူသည့် အဓိပ္ပါယ်မှာ တရုတ်ဘာသာစကား ပင်လယ်နဂါးဟုအဓိပ္ပါယ်ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.