Connect with us

Videos

IS စစ်သွေးကြွ အုပ်စု က အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှု အား ၎င်းတို့လုပ်ဆောင်ကြောင်း ထုတ်ပြန်

ကိုင်ရို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
IS စစ်သွေးကြွ အုပ်စု နှင့် ဆက်စပ်လျက် ရှိသော Amaq သတင်းဌာန က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ လိင်တူချစ်သူများ နိုက်ကလပ်တွင် အနည်းဆုံး လူပေါင်း ၅၀ သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှု အား IS စစ်သွေးကြွ အုပ်စု ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သေနတ်ပစ်ခတ်မှု သည် အော်လန်ဒိုမြို့ နိုက်ကလပ်ရှိ လိင်တူချစ်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ နှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော် ရှိခဲ့ကာ ယင်းပစ်ခတ်မှု ကို IS စစ်သွေးကြွ တိုက်ခိုက်ရေး သမား တစ်ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Amaq က အင်္ဂလိပ်စာ ဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက် တစ်ခု အား အွန်လိုင်း ၌ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ၂၀၀၁ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု ပြီးသည်မှစ၍ အမေရိကန်နိုင်ငံ သမိုင်းတွင် အသေအပျောက် အများဆုံး အစွန်းရောက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.