Videos
Kaesong မြို့တွင် COVID-19 ရောဂါ သံသယလူနာတွေ့ရှိပြီးနောက် မြောက်ကိုရီးယားနိုင်ငံက အရေးပေါ်အခြေအနေ ကြေညာ
ပြုံယမ်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Kaesong မြို့တွင် COVID-19 ရောဂါ သံသယလူနာတစ်ဦး တွေ့ရှိပြီးနောက် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် က နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း KCNA သတင်းဋ္ဌာနက ဇူလိုင် ၂၆ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။
ကင်က Kaesong မြို့တွင် သံသယလူနာတွေ့ ရှိကြောင်း သတင်းရရှိပြီးနောက် ချက်ချင်းဆိုသလို ယင်းမြို့အား အခြား ခရိုင်များ ဒေသများနှင့် သီးခြားခွဲထားရန် နှင့် အလုံးစုံ ပိတ်ဆို့ရန် ဇူလိုင် ၂၆ ရက်ကတည်းက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
အဆိုပါ သံသယလူနာသည် ဇူလိုင် ၁၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံ Kaesong မြို့သို့ နှစ်နိုင်ငံ နယ်စပ်မျဉ်းအား တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ ဖြစ်ကြောင်း နှင့် ၎င်းအား ပဏာမအနေဖြင့် တင်းကျပ်သည့် စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။လက်ရှိအချိန်အထိ မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် လူနာ မရှိသေးကြောင်းသိရသည်။ (Xinhua)