Connect with us

Videos

Long March 7 ဒုံးပျံတင်ယာဉ်လွှတ်တင်ရန်အဆင်သင့်ဖြစ်

ဝမ်ချွမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် Long March ဒုံးပျံတင်ယာဉ် ကို အာကာသသို့လွှတ်တင်နိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ Long March 7 ဟု သိကြသော အသစ်တည်ဆောက်ထားသည့် ဒုံးပျံတင်ယာဉ် သည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ရှိ ဝမ်ချွမ်းအာကာသစခန်းမှ လွှတ်တင်ရန် စီစဉ် ထားခြင်းဖြစ်သည်။
ယခင်လွှတ်တင်ခဲ့သည့် Long March 2 ဒုံးပျံတင်ယာဉ်သည် ဈေးနှုန်းကြီးမြင့်ပြီး N2O4/UDMH ဆိုသည့် အန္တရာယ်များသည့် ပစ္စည်းများကို အသုံးပြုထားသည် ။ Long March 7 သည် အလယ်အလတ်စား ဒုံးပျံတင်ယာဉ် ကို လောင်စာအရည်ဖြင့် အားဖြည့်ပေးထားပြီး ဈေးနှုန်းသင့်တင့်ပြီး စိတ်ချရသည်။
ယခု Long March 7 ဒုံးပျံတင်ယာဉ်အား LOX/kerosene ဆိုသည့် ပစ္စည်းဖြင့်သာအသုံးပြုထားသည်။ Long March 7 ဒုံးပျံတင်ယာဉ်သည် Long March 5 နှင့် 6 တို့ နှင့် အင်ဂျင်များကိုမျှတအသုံးပြုရမည်ဖြစ်သည်။ Long March 7 ဒုံးပျံတင်ယာဉ်အား ပိုမိုဈေးသက်သာပြီး အန္တရာယ်ကင်းစေရန် တည်ဆောက်ထားကာ Long March 2 နှင့် Long March 3 ဒုံးပျံတင်ယာဉ်များ၏နေရာတွင်အစားထိုးရန်ရည်ရွယ်သည်။ Long March 7 ဒုံးပျံတင်ယာဉ်သည် အလေးချိန် ၅၅ဝဝ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ဇွန်လနှောင်းပိုင်းတွင် စတင်လွှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.