Videos
တရုတ်နိုင်ငံ၏ C919 ဂျက်လေယာဉ်က ထုတ်လုပ်ရေးအတွက် ခွင့်ပြုချက်ရရှိ
ရှန်ဟိုင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် ခရီးသည်တင်ဂျက်လေယာဉ်ကြီး C919 သည် နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်လုပ်ခွင့်လက်မှတ် ရရှိခဲ့ရာ ယင်းလေယာဉ်ပုံစံသည် အမြောက်အမြားထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။C919 ဂျက်လေယာဉ်၏ ထုတ်လုပ်သူ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ် ကော်ပိုရေးရှင်း (COMAC)သည် မြို့ပြလေကြောင်းဦးစီးဌာန (CAAC) အရှေ့ပိုင်း တရုတ်နိုင်ငံ ဒေသဆိုင်ရာ စီမံခန့်ခွဲရေးမှ လက်မှတ် ရရှိခဲ့ကြောင်း သိရသည်။
ယင်းလေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် အောင်မြင်စွာ ပွဲဦးထွက် ပျံသန်းခဲ့သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ၎င်းလေယာဉ်အမျိုးအစား အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ရာ C919 ၏ ပုံစံသည် ပျံသန်းနိုင်ခြေရှိမရှိ စံချိန်စံညွှန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိခြင်းအား ဖော်ပြလျက်ရှိကြောင်း သိရသည်။ ပထမဆုံး C919 လေယာဉ်ကို ဒီဇင်ဘာလတွင် China Eastern လေကြောင်းလိုင်းသို့ ပို့ဆောင်သွားမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
——————————
China’s C919 jet obtains approval for production
China’s domestically developed C919 large jetliner received its production certificate on Tuesday, meaning the model can enter mass production.
Commercial Aircraft Corporation of China (COMAC), the C919’s developer, received the certificate from the Civil Aviation Administration of China (CAAC) East China Regional Administration.
The plane conducted its successful maiden flight in 2017. It obtained the type certificate in late September, which indicates that the C919’s design meets airworthiness standards and environmental requirements.
The first C919 aircraft is expected to be delivered to China Eastern Airlines in December.
Xinhua News Agency correspondents reporting from Shanghai, China.
(XHTV)