Videos
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးက “အကျိုးအမြတ်အခြေပြုမဟာမိတ်ဆက်ဆံရေး” ကို ရှုံ့ချ
စင်ကာပူ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်သည် ဇွန် ၁၂ ရက်၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် “value-based alliances” အကျိုးအမြတ်အပေါ်အခြေခံထားသည့်မဟာမိတ်ဆက်ဆံရေးသည် ဒီမိုကရေစီ နှင့်လွတ်လပ်ရေး ပုံမှန် စံနှုန်းများနှင့်သွေဖယ်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် သီးသန့်ဖြစ်တည်မှုကိုဆန့်ကျင်ကာ အတွေ့အကြုံများဖလှယ်ရန် နှင့် အပြန်အလှန်လေ့လာမှုများပြုလုပ်ရန်တိုက်တွန်းခဲ့သည်။
Wei က ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အတွင်းကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် ရှန်ဂရီလာ စကားဝိုင်းတွင် ဒေသတွင်း အစီအမံများ၊ ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုအားထိန်းချုပ်ခြင်း နှင့် ရာသီဥတုပြောင်းလဲမှုနှင့် ရေကြောင်း လုံခြုံရေးအခြေအနေတို့အပေါ်တရုတ်နိုင်ငံ၏ ရှုမြင်မှု ခေါင်းစဉ် ဖြင့် ထည့်သွင်းထားသည့် အစည်းဝေးအစီအစဉ်၌မိန့်ခွန်းပြောကြားစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်
သူက တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံအချင်းချင်း အပြန်အလှန်လေ့လာခြင်းနှင့် အတွေ့အကြုံ ဖလှယ်မှု တိုးမြှင့်ခြင်းများကို ထောက်ခံကြောင်း သို့သော် တံခါးပိတ်ဝါဒ နှင့် အခြားသူအား ဖယ်ထုတ်ရန် ကြံရွယ်မှုများကို ဆန့်ကျင်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော် က
” ဖိနပ်စီးထားတဲ့ လူကသာ အဲဒီဖိနပ်က သူနဲ့တော်တယ် မတော်ဘူးဆိုတာကိုသိနိုင်မှာပါ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ အဲဒီနိုင်ငံရဲ့ပကတိအခြေအနေနဲ့ ကွက်တိကျမှသာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်စေမှာဖြစ်ပြီး အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေမှာပါ။ မောက်မာထောင်လွှားမှုကိုစွဲလန်းခြင်း၊ အဂတိလိုက်စားခြင်း နဲ့ နောက်ပြီး “value-based alliances” အကျိုးအမြတ်အပေါ်အခြေခံထားတဲ့ မဟာမိတ်ဆက်ဆံရေး တွေဟာ ဒီမိုကရေစီ နဲ့ လွတ်လပ်ရေးပုံမှန် စံနှုန်းတွေနဲ့ သွေဖယ်စေရုံသာရှိမှာပါ
စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ပွင့်လင်းမှုဟာ အခြားသူရဲ့ လွတ်လပ်မှုနဲ့ ပွင့်လင်းမှု ကို ခုတုံးလုပ်ခြင်းဖြင့် ဘယ်သောအခါမှ ရရှိခံစားနိုင်လိမ့်မှာမဟုတ်ပါဘူး၊ တကယ်လို့ ကျွန်တော်တို့က ခင်ဗျားတို့အတွက် ပွင့်လင်းပေမဲ့ ခင်ဗျားတို့က ကျွန်တော်တို့အတွက် မပွင့်လင်းပေးနိုင်ဘူးဆိုရင် ဒါဟာစစ်မှန်တဲ့ပွင့်လင်းမှုမဟုတ်တော့ပါဘူး။ ခင်ဗျားတို့ဟာကောင်းမွန်တဲ့ဘဝတစ်ခုကိုဦးဆောင်သွားနေချိန်မှာ
အခြားသူကိုလည်း အလားတူ ကောင်းမွန်တဲ့ဘဝကို ဦးဆောင်သွားတဲ့လမ်းကို ပိတ်ပင်မထားသင့်ပါဘူး၊ လူတိုင်းဟာ တူညီတဲ့ ကောင်းမွန်တဲ့ဘဝကို ဦးတည်သွားနိုင်တဲ့အခါကျရင် ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာမှာပါ၊ နောက်ပြီး အဲဒီလမ်းကလည်းရှေ့မှာမြင်နေရပါပြီ” ဟုဆိုသည်။ (xinhua)
#China#ShangriLa, #Dialogue, #DefenseMinister, #xinhua, #xinhuamyanmar, #တရုတ်, #ရှန်ဂရီလာ, #ဆွေးနွေးပွဲ, #ကာကွယ်ရေးဝန်ကြီး, #ဆင်ဟွာ
…………………
(English Version)
Chinese defense minister slams “value-based alliances”
Chinese State Councilor and Defense Minister Wei Fenghe said in Singapore on Sunday that the so-called “value-based alliances” run contrary to the common values of democracy and freedom, calling for exchanges and mutual learning among countries against exclusiveness. #GLOBALink