Connect with us

Videos

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် သီတင်းကျွတ်စျေးပွဲတော်ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
သီတင်းကျွတ်ပွဲတော်ကာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် ဈေးပွဲတော်တစ်ရပ်အား အောက်တိုဘာ ၁၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်ပိတ်ရက်ကာလတွင် မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အနားယူအပန်းဖြေနိုင်ရန် Secretariat Yangon ၏ Heritage Market သီတင်းကျွတ်စျေးပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ သုံးရက်တိုင် ဝင်ကြေးအခမဲ့ဖြင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါသီတင်းကျွတ်စျေးပွဲတော်တွင် လူသုံးကုန်ပစ္စည်းများ၊ Fashion Shop၊ Tarot များအပြင် အစားအသောက်များ၊ အ၀တ်အထည်များ၊ ရိုးရာ handmadeများ၊ လက်၀တ်ရတနာများ၊ ၀န်ဆောင်မှုများ၊ ပရိဘောဂဆိုင်များ၊ ပန်းပုလက်မှုဆိုင်များ ၊ local made များ စသည့် ထုတ်ကုန်များအား ခင်းကျင်းပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်များအနေနှင့် သီတင်းကျွတ်လပြည့်နေ့ နှင့် လပြည့်ကျော် ၁ ရက်နေ့တို့တွင် ညနေခင်းချိန်၌ အခမဲ့ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး Game များကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။ (Xinhua)
#SecretariatYangon #ဝန်ကြီးများရုံး #သီတင်းကျွတ်စျေးပွဲတော်

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.