Connect with us

Videos

အပြိုင်ရေလုသောက်နေကြသည့် ကျားပေါက်လေးများ

ယူနန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
မကြာသေးမီက ချစ်စရာကောင်းသော ကျားပေါက်လေးနှစ်ကောင်က တိရစ္ဆာန်ထိန်းဝန်ထမ်း၏ ရင်ခွင်ထဲမှာ အပြိုင်ရေလုသောက်နေကြပုံက အပြစ်ကင်းတဲ့ကလေးငယ်လေးသဖွယ် ချစ်စရာကောင်းလှခြင်းကြောင့် ခရီးသွားဧည့်သည်များအတွက် ရှုမငြီးနိုင်အောင်ဖြစ်စေခဲ့ကြောင်း သိရသည်။
သြဂုတ်လနှောင်းပိုင်းက တရုတ်နိုင်ငံ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၌ ကျားမ ၄ ကောင်က ကျားပေါက်လေး ၈ ကောင် ဆက်တိုက် မွေးဖွားခဲ့သည်။
ယင်းကျားမများသည် ပထမဆုံးသားပေါက်ခြင်း ဖြစ်ခြင်းကြောင့် သားသမီးများကို မည်သို့ပြုစုစောင့်ရှောက်ရမည်ကို မသိ ဖြစ်နေခြင်းကို တိရိစ္ဆာန်သားပေါက်ထိန်းဝန်ထမ်းက တွေ့ရှိခဲ့သည်။ ထိုကြောင့် တိရစ္ဆာန်သားပေါက်ထိန်းဝန်ထမ်းများက ကျားပေါက်ကလေးများ၏ “နို့တိုက်ဖခင်” ဖြစ်လာကြပြီး ဂရုစိုက်စောင့်ရှောက်မှုအောက်တွင် ကျားပေါက်လေး ၈ ကောင်လုံးသည် ကျန်းမာစွာ ကြီးပြင်းလာကြရာ ယခုအခါ အလွန်ချစ်စဖွယ် ၂ လသားအရွယ် ဖြစ်နေကြပြီ ဖြစ်ပါသည်။ (Xinhua)
————————
看不够!幼虎争宠抢水喝近日,两只可爱的幼虎在保育员怀里争宠抢水喝,憨态可掬,让游客百看不厌。8月下旬,中国云南野生动物园内,4只雌性东北虎相继产下8只虎崽。由于4只雌虎均为首次产崽,保育员观察一段时间后发现,他们还没学会如何带孩子,所以保育员充当起“奶爸”角色。在精心照料下,8只老虎幼崽都健康成长。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.