Connect with us

Videos

တရုတ်-လာအို ငါးလုပ်ငန်းကဏ္ဍ ပူးတွဲတရားဥပဒေစိုးမိုးရေးနှင့် ငါးသားပေါက်လွှတ်ပေး မွေးမြူခြင်း လှုပ်ရှားမှု ကျင်းပ

တရုတ်-လာအို ငါးလုပ်ငန်းကဏ္ဍ ပူးတွဲတရားဥပဒေစိုးမိုးရေးနှင့် ငါးသားပေါက်လွှတ်ပေး မွေးမြူခြင်း လှုပ်ရှားမှုကို အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားမှာ ကျင်းပခဲ့ပါသည်။

ယခုအကြိမ် လှုပ်ရှားမှုကို “တစ်မြစ်တည်းရေ အတူတကွ သောက်သုံးကြရာ မိခင်မြစ်ကြီးအား အတူတကွ ကာကွယ်ထိန်းသိမ်းကြမယ်” ဆိုသည့် ဆောင်ပုဒ်နှင့်ကျင်းပခြင်း ဖြစ်ပါသည်။

ထိုနေ့တွင် Mystus wyckioides ၊ Barbodes polylepis ၊ Red mahseer စသည့် ငါးသားပေါက် ကောင်ရေ ၇၇၀,၀၀၀ ကို လွှတ်ပေးခဲ့ပါသည်။
တရုတ်-လာအို နှစ်နိုင်ငံတွင် ၁၀ နှစ်ဆက်တိုက်၊ ၁၆ ကြိမ်တိုင်တိုင် ငါးလုပ်ငန်းကဏ္ဍ ပူးတွဲတရားဥပဒေစိုးမိုးရေးနှင့် ငါးသားပေါက်လွှတ်ပေး မွေးမြူခြင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ရာ၌ လန်ချန်း-မဲခေါင်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ ၄,၂၃၅,၀၀၀ ကို လွှတ်ပေးပြီးဖြစ်ကြောင်း သိရပါသည်။

ရေနေသတ္တဝါ ကာကွယ်စောင့်ရှောက်ရေးနှင့် ငါးလုပ်ငန်းကဏ္ဍဘက်စုံပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ရေနေသတ္တဝါ ကာကွယ်စောင့်ရှောက်ရေးနှင့် အရင်းအမြစ် ပြန်လည်ထူထောင်ရေးကို အင်တိုက်အားတိုက်မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………
(Chinese Version)
中老渔政联合执法暨增殖放流活动举行
10月15日,2024年中国-老挝渔政联合执法暨增殖放流活动在云南省西双版纳州举行。
本次活动以“共饮一江水、共护母亲河”为主题。当天共放流丝尾鳠、大鳞四须鲃、中国结鱼等鱼苗77万尾。
据了解,中老两国已连续10年、16次开展渔政联合执法暨增殖放流活动,累计向澜沧江-湄公河放流鱼苗423.5万尾,通过水生生物保护和渔业渔政领域的全方位合作,有力促进了澜湄流域水生生物保护和资源恢复。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.