Videos
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ရုပ်သေးပညာကို လူငယ်မျိုးဆက်သစ်များ လက်ဆင့်ကမ်းထိန်းသိမ်းကြရန် တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
လူငယ်မျိုးဆက်သစ်များသည် တိမ်ကောပပျောက်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ရုပ်သေးပညာကို လက်ဆင့်ကမ်းပခုံးထမ်းရွက်ရန် မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရုပ်သေးပညာရပ်အား နှစ်ပေါင်း ၃၀ ကျော် ထိန်းသိမ်းထားသည့် အသက် ၇၃ နှစ်အရွယ် ဦးရွှေကြည်က ပြောကြားခဲ့သည်။
ရုပ်သေးပညာသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ သမိုင်းကြောင်းအရ မြန်မာ့ရုပ်သေးပညာသည် နန်းတွင်းအခမ်းအနားများနှင့် ဘုရားပွဲ၊ အလှူပွဲ စသည့် ဘာသာရေးဆိုင်ရာပွဲတော် အခမ်းအနားများတွင် ကြီးကျယ်ခမ်းနားစွာ ထည့်သွင်းကျင်းပခဲ့သော အနုပညာတစ်ရပ်လည်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် တစ်ချိန်က လျှမ်းလျှမ်းတောက် ထွန်းကားခဲ့သော်ငြားလည်း ယခုအခါ တိမ်ကောပပျောက်လုနီးပါး ဖြစ်လာခဲ့ကြောင်း ရုပ်သေးပညာရှင် ဦးရွှေကြည်က ပြောပြခဲ့သည်။
မြန်မာ့ရိုးရာ ရုပ်သေးပညာရပ်ကို အားလုံးဝိုင်းဝန်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ထွန်းကားလာမည်ဟု မျှော်လင့်ကြောင်း ဦးရွှေကြည်က ၎င်း၏ ထင်မြင်ချက်ကို ပြောကြားခဲ့သည်။ (Xinhua)