Videos
မြန်မာ့ရိုးရာ ကထိန်အလှူ ပဒေသာပင်များနှင့် ကထိန်ခင်းရန် အလှူခံ ဖျော်ဖြေမှုများ
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကထိန်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစတင်၍ တန်ဆောင်မုန်းလပြည့်နေ့ထိ ကျင်းပလေ့ရှိပြီး ကထိန်ပွဲတော်သည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ယဥ်ကျေးမှုထုံးတမ်းများ၊ ရိုးရာအစဥ်အလာများ ပြည့်နှက်နေသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးတွင် စေတနာရှင်ပြည်သူများက စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြောင်း သိရသည်။ မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ မြန်မာ့ရိုးရာ ကထိန်အလှူ ပဒေသာပင်များ ခင်းကျင်းထားရှိမှုနှင့် ကထိန်ခင်းရန် အလှူခံ ဖျော်ဖြေမှုများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ (Reposted from Xinhua)
#ကထိန်အလှူ #ပဒေသာပင်