Connect with us

Videos

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကုသိုလ်ဒါန ကောင်းမှုပြုကြသည့် ပြည်သူများ

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် မေ ၂၂ ရက် (ယနေ့) သည် ဖွား၊ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ဆိုသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်လည်းဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ
ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၄၁ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကိုလည်း ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်) ၌ ကျင်းပခဲ့သည်။ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဒေသအသီးသီးရှိ ဘုရားစေတီပုထိုးများတွင်လည်း ကုသိုလ်ဒါန ကောင်းမှုပြုများ ပြုလုပ်ကြလေ့ရှိကြောင်း သိရသည်။ (Xinhua)