Connect with us

Videos

ဧပြီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၁.၇ သန်းရှိခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

၂၀၂၄-၂၀၂၅ လက်ရှိဘဏ္ဍာနှစ် ပထမ ၈ လတာအတွင်း မြန်မာနိုင်ငံ၏ ဆန်နှင့် ဆန်ကွဲတင်ပို့မှုပမာဏမှာ တန်ချိန် ၁.၇ သန်း ရှိခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်ထုတ် Global New Light of Myanmar သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ် ဧပြီလမှ နိုဝင်ဘာလအထိ ၈ လတာကာလအတွင်း အဆိုပါ တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၈၀၄ သန်းခန့် ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာနိုင်ငံမှ ဆန်တင်သွင်းရာ၌ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ကာ အဆိုပါကာလအတွင်း တန်ချိန် ၄၈၀,၀၀၀ ကျော် တင်သွင်းခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များကို ကိုးကား၍ သတင်းတွင် ဖြည့်စွက်ဖော်ပြထားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ဒုတိယအများဆုံး ဆန်တင်သွင်းသူဖြစ်ကာ ၎င်း၏နောက်တွင် ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံအချို့က ပူးတွဲရပ်တည်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်မူ မြန်မာနိုင်ငံက ဆန်နှင့် ဆန်ကွဲတန်ချိန် ၁.၆ သန်းကျော် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————————-
(English Version)
Myanmar’s rice, broken rice exports reach 1.7 mln tons during April-Nov
Myanmar’s rice and broken rice exports reached 1.7 million tons in the first eight months of the current fiscal year 2024-2025, state-run Global New Light of Myanmar reported on Friday.
The report said that Myanmar earned an estimated 804 million U.S. dollars from these exports during the eight-month period, from April to November last year.
Citing statistics from the Myanmar Rice Federation, the report said that Indonesia is the largest rice trading partner of Myanmar, importing over 480,000 tons during this period.
China is the second-largest importer of Myanmar rice, followed by Belgium and the Philippines, along with several other countries, it said.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, earning more than 845 million dollars. ■
English Caption
Workers carry packages of rice at a warehouse in Yangon, Myanmar, March 8, 2023. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.