Connect with us

Videos

မြန်မာနိုင်ငံသို့ လာရောက် ပျံသန်းခဲ့သည့် solar impulse 2 လေယာဉ် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၃ဝ (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂ဝ၁၅ ခုနှစ် မတ် ၁၉ ရက်နေ့က ရောက်ရှိခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ ထုတ် နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 သည် ဆန်ဖရန်စစ္စကို ပင်လယ်အော် မှ ပစိဖိတ်သမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် Golden Gate ရေလက်ကြားပေါ်မှ ပျံသန်းပြီးနောက် ဧပြီ ၂၄ ရက်နေ့က ကယ်လီဖိုးနီးယားရှိ Moffet လေဆိပ်တွင်ဆင်းသက်ခဲ့သည်ဟုသိရသည်။ ပစိဖိတ် သမုဒ္ဒရာပေါ်မှ ၆၂ နာရီကြာပျံသန်းပြီးနောက် အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းရိုးတန်းရှိ ကယ်လီဖိုးနီးယား သို့ ပျံသန်း ခဲ့သည်။

Solar Impulse 2 သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံသန်းသည့် ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစ်စင်း ဖြစ်လာသည်။ Solar Impulse လေယာဉ်သည် ဆန်ဖရန်စစ္စကို ၏ အထင်ကရ Golden Gate တံတား ပေါ်တွင် ခဏတာရစ်ဝဲ ပျံသန်းခဲ့ပြီး ၎င်း၏ အောင်မြင်မှု ကိုပြသခဲ့သည်။

ကမ္ဘာတစ်ပတ် ပျံသန်းမှုကို အဆင့်ပေါင်း ၁၅ ဆင့် ပိုင်းခြားထားပြီး ယခုအချိန်အထိ တရုတ်နိုင်ငံအပါအဝင် အဆင့် ၉ ဆင့်ပြီးဆုံးပြီဖြစ်သည်။

၎င်း၏ စွန့်စားခရီးစဉ်တွင် ဆွစ်ဇာလန်လုပ်ငန်းရှင် နှင့် လေယာဉ်မောင်းသူလည်း ဖြစ်သည့် Andre Borschberg ကမောင်းနှင်မည်ဖြစ်ပြီး နှင့် တွဲဖက်ဖြစ်သူ ဆွစ်ဇာလန် နိုင်ငံသား လေယာဉ်မှူး Bertrand Picard က တလှည့်စီ မောင်းနှင်ကြခြင်းဖြစ်သည်။

သန့်ရှင်းသည့် စွမ်းအင်သုံး နည်းပညာကဏ္ဍအတွက် များစွာအထောက်အကူပြုနိုင်သည့် စက်သုံးဆီမလိုပျံသန်းနိုင်သော အဆိုပါ လေယာဉ်သည် ကမ္ဘာပတ်ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ် တွင် အဘူဒါဘီမှ စတင် ခဲ့သည်။ ၎င်း၏ ကမ္ဘာ ပတ်လမ်းကြောင်း တဝက်တွင် အိန္ဒိယ၊ မြန်မာ၊ တရုတ် နှင့် ဂျပန် နိုင်ငံတို့ ကိုလည်းဖြတ်သန်းခဲ့သည်။ ကယ်လီဖိုးနီးယားမှ တစ်ဆင့် အဆိုပါ လေယာဉ်သည် အမေရိကန်ပြည်ထောင်စုသို့ပါ ဖြတ်သန်းမည်ဖြစ်သည်။ ထို့နောက် အတ္တလန္တိတ်သမုဒ္ဒရာ ကိုဖြတ်၍ ဥရောပတိုက် သို့ ပျံသန်းကာ အဘူဒါဘီတွင် ခရီးစဉ်အဆုံးသတ်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.