Connect with us

Videos

TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချ

ရန်ကုန်၊ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်းတွင်ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO Road Show) အား ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်စတော့ အိတ်ချိန်းတွင်ပြုလုပ်ခဲ့သည်။ TMHTelecom Public ကုမ္ပဏီလီမီတက် မှ စုစုပေါင်းထုတ်ဝေရောင်းချမည့် ရှယ်ယာအရေအတွက် မှာ၄သိန်း မှ ၅သိန်း အကြားဖြစ်ပြီး အနိမ့်ဆုံးကျပ် ၃ထောင်ဝန်းကျင်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းတွင် ရရှိနိုင်မည့် ရင်းနှီးငွေပမာဏမှာ ကျပ် ၁.၅၉ ဘီလီယံ မှ ၁.၆၃ ဘီလီယံကြားဖြစ်ကြောင်း သိရသည်။ အဆိုပါTMH Telecom Public ကုမ္ပဏီလီမီတက် ၏ အများပြည်သူသို့ ရှယ်ယာကမ်းလှမ်းရောင်းချခြင်း ကို Lead Underwriter အဖြစ် MSEC မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်သည့် KBZ SC ၊ CBSC ၊ AYA Trust ၊ AIS၊ KTZrh တို့ အနေဖြင့် Co Underwriter အဖြစ်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အများပြည်သူတို့အနေဖြင့် ရှယ်ယာအနည်းဆုံး (၁) စောင်မှ စတင်ကာ ဝယ်ယူနိုင်ပြီး အများဆုံးရှယ်ယာ ပမာဏ ကန့်သတ်ခြင်းမရှိကြောင်း ၊ ရှယ်ယာဝယ်ယူလိုသူများ အနေဖြင့် အထက်ပါ ကုမ္ပဏီ ၆ခုမှ တဆင့်လျှောက်လွှာတင်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်ဒီဇင်ဘာ လ ၁၅ ရက် နေ့တွင် လျှောက်လွှာများ စတင်လက်ခံမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၃ ရက်နေ့တွင် လျှောက်လွှာများပိတ်မည်ဖြစ်ကာ၊ ရှယ်ယာများဝယ်ယူခွင့်ရရှိသူများကို ဇန်နဝါ ရီလ ၂၃ ရက်နေ့ တွင် ကြေညာမည်ဖြစ်ကြောင်း၊ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်မည့် ခန့်မှန်းရက်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတွင်ပြောကြားချက်အရသိရသည်။ TMHTelecom Public ကုမ္ပဏီလီမီတက်သည် အင်စတော်လေးရှင်း နှင့် တယ်လီကွန်းဝန်ဆောင်မှုများ နှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းခြင်း၊ အင်တာနက်ဆားဗစ်ပရိုဗိုက်တာအဖြစ်ဆောင်ရွက်ခြင်း၊ ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ် သည့် လုပ်ငန်းများကို ဖြန့်ဖြူးရောင်းချခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.