Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား

အမ်မန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် အပူလှိုင်းကြောင့် ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် မက္ကာ၌ အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်သည်ဟု ဆော်ဒီအာရေဗျဘက်က ထိုမတိုင်မီ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဘုရားဖူးများအား နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အချိန်အတွင်း ထီးဆောင်းရန်၊ နေရောင်အောက်တွင် မနေရန်နှင့် ရေများများသောက်ရန် ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလာလီက ဇွန် ၁၅ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………
(Chinese Version)
约旦外交部:41名约旦人在沙特朝觐期间死亡
新华社安曼6月18日电(记者何奕萍)约旦外交部18日发表声明说,41名约旦人在沙特阿拉伯参加朝觐期间因高温热浪而死亡。
沙特方面此前曾发布高温预警说,今年麦加朝觐期间气温可能高达48摄氏度。沙特卫生部发言人阿卜杜拉利15日呼吁朝觐者在上午11时至下午4时期间使用遮阳伞,不要暴露在阳光下,多喝水。