Connect with us

Latin America

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့အား G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တရားဝင်တည်ထောင်မည်ဟု ဘရာဇီးနိုင်ငံ သမ္မတ ပြောကြား

ဘရာဇီးနိုင်ငံ၊ ဘရာဇီးလီယာမြို့တွင် ကျင်းပသော ဘရာဇီးအခြေစိုက် နိုင်ငံခြားမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ဘရာဇီးသမ္မတ လူလာအား ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့အား ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး၌ တရားဝင် တည်ထောင်သွားမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့က ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော G20 ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဝန်ကြီးအဆင့်အစည်းအဝေးသို့ လူလာ တက်ရောက်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်းသည် G20 ခေါင်းဆောင်များရင်ဆိုင်နေရသော စနစ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများဖြစ်သည်ဟု ၎င်းက ဆွေးနွေးပွဲမိန့်ခွန်းတွင် အလေးပေးပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့သည် G20 အတွင်းမှ ဖြစ်ပေါ်လာသော်လည်း စိတ်ပါဝင်စားသော မည်သည့်နိုင်ငံမဆို ပါဝင်ရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပိုမိုထိရောက်ပြီး တရားမျှတသော အုပ်ချုပ်မှုမရှိပါက “ကမ္ဘာ့တောင်ဘက်ခြမ်း” ရှိ နိုင်ငံများ၏ အကျိုးစီးပွားကို အပြည့်အဝ ထင်ဟပ်နိုင်မည် မဟုတ်ကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုကဲ့သို့သော ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လူလာ က ထပ်မံထောက်ပြခဲ့သည်။
ယခင်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ဘရာဇီးနိုင်ငံက G20 ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူသည့် နိုင်ငံဖြစ်လာခဲ့သည်။ တာဝန်ထမ်းဆောင်သော တစ်နှစ်တာ သက်တမ်းအတွင်း ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် မမျှတမှု စသည်တို့ကို ဗဟိုပြုသည့် တိုက်ဖျက်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဟူ၍ အဓိက ခေါင်းစဉ် သုံးခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘရာဇီးအစိုးရက ပြောကြားခဲ့သည်။ ယခုနှစ် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ရီယိုဒီဂျနေးရိုးမြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဟု ဘရာဇီးနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
巴西总统:全球反饥饿与贫困联盟将于G20领导人峰会上正式建立
新华社里约热内卢7月24日电(记者陈威华 谢照)巴西总统卢拉24日说,全球反饥饿与贫困联盟将在今年11月举行的二十国集团(G20)领导人峰会上正式建立。
卢拉当天出席在里约热内卢召开的G20全球反饥饿与贫困联盟工作组部长级会议。他在会上发表讲话时强调,与饥饿和贫困作斗争是G20领导人面临的一个系统性挑战。他说,全球反饥饿与贫困联盟虽然诞生于G20内部,但欢迎任何有兴趣的国家加入。
卢拉还表示,如果没有更有效和公平的治理,“全球南方”国家的利益就不能得到充分体现,饥饿和贫困等问题也无法得到解决。
巴西去年12月1日正式担任G20轮值主席国。巴西政府表示,在为期一年的任期中,将围绕与饥饿贫困和不平等作斗争、可持续发展和全球治理改革三个中心主题展开工作。据巴西外交部公报,今年领导人峰会将于11月18日至19日在里约热内卢举行。(完)
图说:7月22日,巴西总统卢拉在巴西利亚参加与外国驻巴媒体的小范围对话会。