Connect with us

မြန်မာ-中文

ရှီကျင့်ဖိန်က လူငယ် တရုတ်ဗေဒပညာရှင်များအား ပြန်စာပေးပို့

တရုတ်နိုင်ငံတကာဖလှယ်ရေးအသင်းနှင့် အီတလီ၊ အမေရိကန်၊ ဘယ်လ်ဂျီယမ် နိုင်ငံပေါင်း ၉ နိုင်ငံမှ လာရောက်သော ဥရောပ၊ အမေရိက နိုင်ငံများ တရုတ်ဗေဒပညာရှင် လေ့လာရေးအဖွဲ့က THE STRAITS PUBLISHING & DISTRIBUTING GROUP ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ နှီးနှောဖလှယ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လူငယ် တရုတ်ဗေဒပညာရှင်များအား ယခုရက်ပိုင်းတွင် ပြန်စာပေးပို့ခဲ့ရာ ၎င်းတို့အား တရုတ်ပြည်တွင်းပြည်ပယဉ်ကျေးမှုကို ပေါင်းစည်းသော သံတမန်ကောင်းများအဖြစ် ဆောင်ရွက်ကြရန် အားပေးခဲ့သည်။ရှီကျင့်ဖိန်က သင်တို့အနေဖြင့် တရုတ်စာကို နှစ်သက်ပြီး တရုတ်ယဉ်ကျေးမှုကို မြတ်နိုးချစ်ခင်ကြရာ တရုတ်ဗေဒ သုတေသနနှင့် ယဉ်ကျေးမှု အပြန်အလှန်လေ့လာဆည်းပူးရေးကို မြှင့်တင်သောကဏ္ဍများတွင် တက်ကြွသည့် အခန်းကဏ္ဍမှပါဝင်ကြသည်ကို ကြားသိရကြောင်း၊ ထို့အပေါ် မိမိအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

တရုတ်ဗေဒ၏ အရင်းအမြစ်မှာ တရုတ်နိုင်ငံမှလာပြီး ကမ္ဘာက ပိုင်ဆိုင်ခြင်းဖြစ်ရာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံစိတ္တဓနဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ သင်တို့အနေဖြင့် တရုတ်ဗေဒနှင့်အတူ ဆက်လက် အဖော်ပြုကာ တရုတ်နိုင်ငံနှင့်အတူ လျှောက်လှမ်းကြရန်၊ သုတေသနပြု ရှင်းလင်းဖော်ပြမှုများကို မြှင့်တင်ဆောင်ရွက်ကြရန်၊ စစ်မှန်သော၊ ရုပ်လုံးကြွသော၊ ဘက်စုံဖြစ်သော တရုတ်နိုင်ငံကို ကမ္ဘာသို့ မိတ်ဆက်ကြရန်၊ တရုတ်ပြည်တွင်းပြည်ပ ယဉ်ကျေးမှုပေါင်းစည်းရာ သံတမန်ကောင်းများအဖြစ် ဆောင်ရွက်ကြရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးမှုအတွက် ဉာဏ်ပညာနှင့် ခွန်အားများဖြင့် အကျိုးဆောင်ကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တရုတ်ဘာသာစကားညီလာခံကို ပေကျင်းမြို့တွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မကြာသေးမီကာလက ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ လူငယ် တရုတ်ဗေဒပညာရှင် ၆၁ ဦးက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံသို့ စာရေးသားပေးပို့ကာ တရုတ်နိုင်ငံ သုတေသနလုပ်ငန်းလုပ်ဆောင်ရသည့် အတွေ့အကြုံနှင့် ကိုယ်တွေ့ခံစားချက်များကို မျှဝေခဲ့ပြီး တရုတ်နိုင်ငံ၏ပညာကို တစ်ဆင့်တိုးကောင်းမွန်စွာ သုတေသနပြုလေ့လာကာ ယဉ်ကျေးမှု ချိတ်ဆက်ဆွေးနွေးခြင်း၏ ပေါင်းကူးတံတားအခန်းကဏ္ဍမှ ပါဝင်သွားမည့် သဘောဆန္ဒများကို ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————
(Chinese Version)
习近平复信青年汉学家
新华社北京11月13日电 近日,国家主席习近平复信青年汉学家,勉励他们当好融通中外文明的使者。
习近平指出,得知你们喜欢中文、热爱中国文化,在促进汉学研究和文明互鉴等方面积极发挥作用,我对此表示赞赏。
习近平强调,汉学源自中国、属于世界,是全人类共同的精神财富。希望你们继续与汉学结伴、和中国同行,加强研究阐释,向世界介绍真实、立体、全面的中国,当好融通中外文明的使者,为推动构建人类命运共同体贡献智慧和力量。
11月14日至16日,2025世界中文大会将在北京举行。近期,应邀参会的51个国家的61名青年汉学家给习近平主席写信,分享从事中国研究的经历和体会,表达进一步研究好中国学问、发挥文明沟通桥梁作用的愿望。(完)
1. 10月19日拍摄的座谈交流现场。 10月19日,由中国国际交流协会以及来自意大利、美国、比利时等9个国家的12位欧美汉学家组成的考察团,来到位于福建省福州市的大梦书屋,与海峡出版发行集团的代表共话文明互鉴,共探出版合作新机遇。 新华社记者 魏培全 摄
2. 10月19日,欧美汉学家考察团成员等在听取海峡出版发行集团出版特色和重点图书品种。新华社记者 魏培全 摄