Economy
အမေရိကန်ကုမ္ပဏီနှစ်ခုအား မယုံကြည်ရသော အဖွဲ့အစည်းစာရင်း ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလ ၄ ရက်တွင် အမေရိကန်နိုင်ငံ PVH Corp. နှင့် Illumina, Inc ကုမ္ပဏီတို့ကို “မယုံကြည်ရသော အဖွဲ့အစည်းစာရင်း” တွင် ထည့်သွင်းခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုနေ့တွင် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်နိုင်ငံသည် မယုံကြည်ရသော အဖွဲ့အစည်းစာရင်းကို အမြဲတစေ သတိထားလုပ်ဆောင်လေ့ရှိကြောင်း၊ မိမိနိုင်ငံလုံခြုံရေးကို ထိခိုက်စေသည့် အလွန် နည်းငယ်လှသည့် နိုင်ငံခြားအဖွဲ့အစည်းများကိုသာ ဥပဒေနှင့်အညီ ပစ်မှတ်ထားထည့်သွင်းခြင်းဖြစ်ကြောင်း၊ ရိုးသား၍ ဥပဒေလိုက်နာသော နိုင်ငံခြားအဖွဲ့အစည်းများက လုံးဝစိတ်ပူရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဖော်ဆောင်ရန် တရုတ်နိုင်ငံ အစိုးရက အမြဲတစေကြိုဆိုကြောင်း၊ ဥပဒေလိုက်နာကာ စည်းကမ်းနှင့်ကိုက်ညီသည့် နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံတွင် လာရောက် လုပ်ငန်းလည်ပတ်ရန်အတွက် တည်ငြိမ်သော၊ တရားမျှတသောနှင့် မျှော်မှန်းနိုင်သော စီးပွားရေးပတ်ဝန်းကျင် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ PVH Corp. နှင့် Illumina, Inc ကုမ္ပဏီတို့သည် ပုံမှန်ဈေးကွက် အရောင်းအဝယ် လုပ်ဆောင်သည့် အခြေခံမူကို ချိုးဖောက်ပြီး တရုတ်ကုမ္ပဏီနှင့် ပုံမှန်အရောင်းအဝယ် ပြုလုပ်မှုကို ဖြတ်တောက်ကာ တရုတ်နိုင်ငံ ကုမ္ပဏီများကို ခွဲခြားဆက်ဆံသည့် အစီအမံများ လုပ်ဆောင်သဖြင့် တရုတ်ကုမ္ပဏီများ၏ တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေခြင်း စသည့် လုပ်ရပ်များရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် 《တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပကုန်သွယ်ရေးဥပဒေ》၊ 《တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးဥပဒေ》၊ 《တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပပိတ်ဆို့အရေးယူမှုကို တန်ပြန်ခြင်းဥပဒေ》 စသည့် သက်ဆိုင်ရာဥပဒေများအရ 《မယုံကြည်ရသော အဖွဲ့အစည်းစာရင်း》 သက်ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ မယုံကြည်ရသော အဖွဲ့အစည်းစာရင်း လုပ်ငန်းယန္တရားက အထက်ပါအဖွဲ့အစည်းနှစ်ခုအား မယုံကြည်ရသော အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များနှင့်အညီ အထက်ပါအဖွဲ့အစည်းအပေါ် သက်ဆိုင်ရာအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————-
(Chinese Version)
为何将两家美国企业列入不可靠实体清单?商务部这样回应
新华社北京2月4日电
中方4日将美国PVH集团和因美纳公司列入“不可靠实体清单”。商务部新闻发言人当天回答相关记者提问时表示,中方一贯审慎处理不可靠实体清单问题,仅依法针对极少数危害我国家安全的外国实体,诚信守法的外国实体完全无需担心。中国政府一如既往地欢迎世界各国企业来华投资兴业,并致力于为守法合规的外资企业在华经营提供稳定、公平和可预期的营商环境。
发言人表示,经查,美国PVH集团和因美纳公司存在违反正常的市场交易原则,中断与中国企业的正常交易,对中国企业采取歧视性措施,严重损害中国企业合法权益等行为。为维护国家主权、安全和发展利益,根据《中华人民共和国对外贸易法》《中华人民共和国国家安全法》《中华人民共和国反外国制裁法》等有关法律,依据《不可靠实体清单规定》有关规定,不可靠实体清单工作机制决定将上述两家实体列入不可靠实体清单,并将依据相关法律法规,对上述实体采取相应措施。(完)