မြန်မာ-中文
အမေရိကန်-အီရန် ဆွေးနွေးပွဲ ရလဒ်မရှိ အဆုံးသတ်ပြီးနောက် ရေနံဈေးနှုန်း အဆမတန်မြင့်တက်၍ ရွှေဈေး များစွာ ကျဆင်း
နယူးယောက်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ပြုလုပ်သော အမေရိကန်-အီရန် တွေ့ဆုံဆွေးနွေးမှု မည်သည့် သဘောတူညီချက်မျှ မရရှိခြင်း၊ ထို့အပြင် အီရန်ဆိပ်ကမ်းသို့ အဝင်အထွက်ပြုလုပ်နေသည့် ပင်လယ်ရေကြောင်းသွားလာမှုအားလုံးကို ပိတ်ဆို့မည်ဖြစ်သည်ဟု အမေရိကန်စစ်တပ်ဘက်က ကြေညာခဲ့ခြင်းတို့ကြောင့် အရှေ့အလယ်ပိုင်းအခြေအနေတင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်ပြီး ရေနံထောက်ပံ့ရေး ဆက်လက်ပြတ်တောက်နေမည်ကို ဈေးကွက်က စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ဧပြီ ၁၂ ရက် အရောင်းအဝယ် သီတင်းပတ်အသစ် စတင်ချိန်မှစ၍ အဆမတန် မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးမှာမူ များစွာ ကျဆင်းခဲ့သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၁၂ ရက် ညနေ ၆ နာရီခွဲအထိ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ မေလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည်အမြင့်ဆုံးအနေဖြင့် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၅.၅၃ ဒေါ်လာ အထိ ရှိလာပြီး ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၈.၉၆ ဒေါ်လာဖြင့် ၉.၂၈ ရာခိုင်းနှုန်း မြင့်တက်ခဲ့သည်။ ဇွန်လအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည်အမြင့်ဆုံးအနေဖြင့် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၂.၆၀ ဒေါ်လာ အထိရှိပြီး ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၇.၄၀ ဒေါ်လာဖြင့် ၇.၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ယင်းနေ့ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လ ရွှေအနာဂတ်ဈေးနှုန်းသည် ဈေးကွက်ဖွင့်ချိန်မှစ၍ တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၇၀၀ ဖြစ်ခဲ့ပြီး ကျဆင်းမှုမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း ၂ ရာခိုင်နှုန်းရှိခဲ့သည်။ ဈေးကွက်ကျွမ်းကျင်သူများက ရေနံစျေးနှုန်း မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်နိုင်ခြေ ပိုမိုမြင့်မားစေကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံကြီးများ၏ ဗဟိုဘဏ်များအနေဖြင့် ယခုနှစ်အတွင်း အတိုးနှုန်းကို ထပ်မံတိုးမြှင့်နိုင်ခြေကို စျေးကွက်နှုန်းထား သတ်မှတ်မှုများတွင် ထည့်သွင်းလာမည်ဖြစ်ရာ ရွှေကိုင်ထားလိုသော ဆွဲဆောင်မှုမှာလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ယူဆကြသည်။
အစ္စလာမ်မာဘတ်မြို့၌ ပြုလုပ်သည့် အမေရိကန်နှင့် အီရန် ဆွေးနွေးမှုမှာ ဧပြီ ၁၂ ရက်တွင် အဆုံးသတ်ခဲ့ရာ နှစ်ဖက်အနေဖြင့် မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ပေ။ အမေရိကန် သမ္မတ ထရမ့်က ယင်းနေ့တွင်ပင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ပြီး အမေရိကန်ရေတပ်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်နေသော သင်္ဘောများကို စတင် တားဆီးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါရေလက်ကြားအတွင်း အီရန်ဖြန့်ကြက်ထားသည့် ရေမြှုပ်မိုင်းများကိုလည်း စတင်”ဖျက်ဆီး”သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က သမ္မတအမိန့်အရ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီမှစ၍ အီရန်ဆိပ်ကမ်းကို ဝင်ထွက်နေသည့် ရေကြောင်းသွားလာမှုအားလုံးကို ပိတ်ဆို့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်က လှုပ်ရှားမှုကြောင့် ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းအရှိန်မြင့်တက်လာပြီး ရေနံထောက်ပံ့ရေးပြတ်တောက်မှု ပိုမိုကြီးမားကာ ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်ဆင့်တိုး မြင့်တက်လာမည်ကို သုံးသပ်သူများက စိုးရိမ်ကြသည်။ ဩစတြေးလျနိုင်ငံ MST Marquee ကုမ္ပဏီ သုံးသပ်သူ Saul Kavonic က အီရန်အပေါ် အမေရိကန်က စစ်ရေးတိုက်ခိုက်မှုများ တစ်ဖန်ပြန်လည်စတင်လာမည်ဆိုပါက ယင်းဒေသရှိ စွမ်းအင်အခြေခံအဆောက်အဦများ တိုက်ခိုက်ခံရနိုင်ခြေ အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ထို့အပြင် ယင်းသက်ရောက်မှုက စစ်ပွဲအဆုံးသတ်ပြီးနောက်ပိုင်း ကာလရှည်ကြာ ဆက်တိုက် ရိုက်ခတ်မှုခံရနိုင်ကြောင်း သတိပေးထားသည်။ (Xinhua)
—————————————
(Chinese Version)
美伊谈判无果而终 油价暴涨金价大跌新华社纽约4月12日电(记者刘亚南)由于美国和伊朗在伊斯兰堡谈判未能达成任何协议,加之美军方宣布将对所有进出伊朗港口的海上交通实施封锁,市场担忧中东紧张局势再次升级和石油供应持续中断,国际油价12日在新一周交易开始后大幅上涨,国际金价则大跌。 截至美东时间12日18时30分,纽约商品交易所5月交货的轻质原油期货价格最高升至每桶105.53美元,较前一交易日收盘价上涨8.96美元,涨幅达9.28%;6月交货的伦敦布伦特原油期货价格最高升至每桶102.60美元,较前一交易日收盘价上涨7.40美元,涨幅为7.77%。 当天,纽约商品交易所6月黄金期货价格开盘后跌破每盎司4700美元,跌幅一度超过2%。 市场人士认为,由于油价上涨推高通胀预期,投资者将主要经济体央行年内倾向加息的可能性计入市场定价,持有黄金的吸引力随之下降。 美国和伊朗在伊斯兰堡的谈判12日结束,双方未达成任何协议。美国总统特朗普当天在社交媒体发文说,美国海军将开始阻止船只经由霍尔木兹海峡进出伊朗港口,并将开始“摧毁”伊朗在霍尔木兹海峡布设的水雷。美军中央司令部随后表示,将根据总统命令于美东时间13日10时开始对所有进出伊朗港口的海上交通实施封锁。 分析人士担忧,美方行动可能引发霍尔木兹海峡危机升级,导致石油供应缺口扩大,进一步推高国际油价。澳大利亚MST马基公司分析师索尔·卡沃尼克警告,若美国重启对伊朗的打击,会增加该地区能源基础设施遭受打击的风险,且其影响在战事结束后仍将长期持续。(完)1.这是4月11日在伊斯兰堡拍摄的美伊谈判新闻中心。新华社发(王申摄)
