မြန်မာ-中文
G20 က “ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့” စတင်ကြောင်း G20 ကြေညာ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ သမ္မတ လူလာ က G20 အနေဖြင့် “ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့” ကို တရားဝင် စတင်ကြောင်း ရီယိုဒီဂျနေးရိုးမြို့တွင် နိုဝင်ဘာ ၁၈ ရက်က ကြေညာခဲ့သည်။
လူလာ က ထိုနေ့တွင်ကျင်းပသည့် ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အထက်ဖော်ပြပါယန္တရားအား စတင်ကြောင်း ကြေညာခဲ့သည်။ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးသည် ယနေ့ကမ္ဘာကြီးတွင် အရေးကြီးသော ဆွေးနွေးရမည့်ကိစ္စရပ်ဖြစ်ပြီး အထက်ဖော်ပြပါ မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းသည် ပိုမိုသာယာဝပြောသော လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းသောကမ္ဘာကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သလို ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း၊ ယင်းသည် နိုင်ငံအသီးသီးအား ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုစသည် ဆွေးနွေးရမည့်ကိစ္စရပ်များအတွက် အတူ ဆွေးနွေးအကြံပြုရန်၊ မူဝါဒများ ရေးဆွဲရန်နှင့် ရန်ပုံငွေရှာဖွေရန် အထောက်အကူပြုကြောင်း ၎င်းက အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၇၃၃ သန်းခန့်သည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WTF) စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ရီယိုဒီဂျနေးရိုးတွင် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#G20 #GlobalAllianceAgainstHungerAndPoverty #ငတ်မွတ်ခေါင်းပါးမှုနှင့်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး #ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ #G20ခေါင်းဆောင်များထိပ်သီးအစည်းအဝေး
(Chinese Version)
———————–
二十国集团宣布启动“抗击饥饿与贫困全球联盟”
新华社里约热内卢11月18日电(记者吴昊 赵焱)巴西总统卢拉18日在里约热内卢宣布,二十国集团正式启动“抗击饥饿与贫困全球联盟”。
卢拉是在当天举行的二十国集团领导人第十九次峰会开幕式期间宣布启动上述机制的。他在致辞中表示,抗击饥饿与贫困是当今世界重要议题,上述联盟成立是建设更加繁荣社会与和平世界的必要条件,符合联合国2030年可持续发展目标,有助于各国就饥饿与贫困等议题共商建议、制定政策与筹措资金。
据世界粮食计划署等国际组织发布的数据,2023年全球仍有约7.33亿人面临饥饿。
二十国集团领导人第十九次峰会于11月18日至19日在里约热内卢举行。(完)
图说:这是习近平同与会领导人共同参加巴方发起的“抗击饥饿与贫困全球联盟”合影。新华社记者 李学仁 摄