Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

Ballon d’Or ဆုအား မန်စီးတီးအသင်းမှ စပိန်လက်ရွေးစင် ကစားသမား ရိုဒရီ ဆွတ်ခူး

_ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ဆုပေးပွဲအခမ်းအနားအား အောက်တိုဘာ ၂၈ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Theatre du Chatelet ၌ ကျင်းပခဲ့ရာ အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသား) အား မန်ချက်စတာစီးတီးအသင်းနှင့် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ရိုဒရီက ဆွတ်ခူးသွားခဲ့သလို အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသမီး) ကိုမူ ဘာစီလိုနာနှင့် စပိန်အမျိုးသမီးလက်ရွေးစင် ကစားသမား အိုင်တာနာ ဘွန်မာတီက ဆွတ်ခူးရရှိခဲ့သည်။ ဘာစီလိုနာအသင်းမှ အသက် ၁၇ နှစ်အရွယ် စပိန်လူငယ် ပါရမီရှင်ကစားသမား လာမင်းယာမားလ်ကလည်း အကောင်းဆုံး လူငယ်ကစားသမားအား ချီးမြှင့်သည့် Kopa Trophy ဆုကို ရရှိခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ရိုဒရီသည် ပြီးခဲ့သည့်ဘောလုံးရာသီက မန်စီးတီးအသင်းအား ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်အောင် အဓိကပံ့ပိုးပေးခဲ့သလို UEFA European Championship ပြိုင်ပွဲတွင် စပိန်အသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့စဥ်ကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် Ballon d’Or ဆုအား ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
…..
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ် နည်းပြသက်တမ်း ၂ နှစ်ခွဲအကြာတွင် ရာထူးမှထုတ်ပယ်ခံရ
_အောက်တိုဘာ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းအား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ယခုနှစ်ဘောလုံးရာသီတွင် ၉ ပွဲကစားထားပြီး ၃ ပွဲသာ အနိုင်ရကာ အမှတ်ပေးဇယားတွင် အဆင့်-၁၄ သို့ ရောက်ရှိသွားပြီးနောက် နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်သည် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။ ယူနိုက်တက်၏ ယခုဘောလုံးရာသီအစပိုင်း ရလဒ်များသည် ၃၅ နှစ်အတွင်း ကလပ်အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်သည်။

ရာထူးမှထုတ်ပယ်လိုက်သည့် တန်ဟက်ဂ်၏နေရာတွင် ကစားသမားဟောင်းနှင့် လက်ထောက်နည်းပြဖြစ်သူ ရုဒ်ဗန် နစ္စတယ်ရွိုင်းက ယာယီနည်းပြအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။ နစ္စတယ်ရွိုင်းသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၁၉ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၅၀ ဂိုး သွင်းယူခဲ့သည်။

၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်နှင့် အားကစားသမားဦးရေ စံချိန်တင်မြင့်တက်ဖွယ်ရှိ

_တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်း ပြည်နယ် ဟာအယ်ပင်းမြို့၌ ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ အားကစားသမား ၁,၅၀၀ ကျော်က စာရင်းပေးသွင်းထားကာ ပြိုင်ပွဲ၌ ပါဝင်တက်ရောက်မည့် ကိုယ်စားလှယ်နှင့် အားကစားသမားဦးရေမှာ စံချိန်တင်မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ (Xinhua)

——————–
(English Version)
Spaniards Rodri, Bonmati win Ballon d’Or awards, Yamal named best young player
The annual Ballon d’Or ceremony took place on Monday at Theatre du Chatelet in Paris, with Spain emerging as the biggest winner of the night. Rodri and Aitana Bonmati captured the men’s and women’s Ballon d’Or awards, respectively, while 17-year-old prodigy Lamine Yamal clinched the Kopa Trophy, awarded to the best young player.
The 28-year-old Rodri won the Ballon d’Or for the first time after a season in which he helped Manchester City win the Premier League and played a key role in Spain’s UEFA European Championship victory.
…..
Premier League club Manchester United have sacked manager Erik ten Hag after two and a half years in the role.
Ten Hag’s dismissal comes after United lost 2-1 to West Ham United on Sunday, leaving them 14th in the Premier League table with just three wins from the first nine games, representing the club’s worst start to a season in 35 years.
Ten Hag will be temporarily replaced by his former assistant Ruud van Nistelrooy, who scored 150 goals in 219 games for United as a player between 2001 and 2006.
…..
Record-high delegations, athletes expected to participate in 9th Asian Winter Games
More than 1,500 athletes from 34 countries and regions have registered to participate in the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, with the number of participating delegations and athletes expected to reach a record high.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.