Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ခုနှစ်ဦးသေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်၊ Baghlan-e-Markazi ခရိုင်၊ ရေကြီးရေလျှံဖြစ်ပွားသော Laqia ကျေးရွာတွင် အပျက်အစီးများ ရှင်းလင်းနေသူတစ်ဦးကို ၂၀၂၄ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘာမီယန်ပြည်နယ်တွင် ဇွန် ၂၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူခုနစ်ဦးသေဆုံးကာ ၁၀ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆင်းဟာနီကပြောကြားသည်။
ယာကော်လန်ခရိုင်ရှိ နေရာအများအပြား၌ ရေကြီးရေလျှံမှုများဖြစ်ပွားရာ ကယ်ဆယ်ရေးလုပ်သားများက သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေလျက်ရှိပြီး အသက်ရှင်ကျန်ရစ်သူများကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆင်းဟာနီက ပြောကြားသည်။
ရေကြီးမှုကြောင့် အိမ်ခြေအများအပြားဆုံးရှုံးခဲ့ပြီး စိုက်ပျိုးမြေဧကများစွာ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

အလားတူ ဇွန် ၂၅ ရက်တွင် ဘတ်ဒက်ရှန် ပြည်နယ်မြောက်ပိုင်း ယမ်ဂန်ခရိုင်၌ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၄၀ နှင့် လယ်မြေဧက ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
7 dead, 10 missing in central Afghanistan floods
BAMIYAN, Afghanistan, June 27 (Xinhua) — Heavy rains and flash floods claimed seven lives and 10 more went missing in central Afghanistan’s Bamiyan province on Tuesday, provincial government spokesman Abdul Sabour Sighani said late Wednesday.
The natural disaster swept parts of Yakawlang district late Tuesday, the official said, adding efforts were underway to recover victims’ bodies or survivors.
The floods also washed away dozens of houses and agricultural lands, the official said.
Similarly, flash floods destroyed 40 houses and more than 300 acres of farmlands in Yamgan district of the northern Badakhshan province on Tuesday. ■

A man clears off ruins at the flood-affected Laqia village, Baghlan-e-Markazi District, north Afghanistan’s Baghlan Province, May 11, 2024. (Photo by Mehrabuddin Ibrahimi/Xinhua)