Africa & Middle East
ဂျော်ဒန်ဘုရင်က ဆီးရီးယား ပြန်လည်တည်ဆောက်ရေးကို ပံ့ပိုးကူညီမည်ဟု အတည်ပြုကာ အစ္စရေး၏ တိုက်ခိုက်မှုများကို ရှုတ်ချ

အမ်မန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ က မြို့တော်အမ်မန်သို့ ရောက်ရှိနေသည့် ဆီးရီးယား ယာယီသမ္မတ အာမက် အယ်လ်-ရှာရာအား ဖေဖော်ဝါရီ ၂၆ ရက်၌ လက်ခံတွေ့ဆုံခဲ့ကာ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရာ၌ ဆီးရီးယားပြည်သူများအား ဂျော်ဒန်နိုင်ငံက ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။
ဆီးရီးယား လူ့အဖွဲ့အစည်း၏ အလွှာအားလုံးပါဝင်ကာ ဆီးရီးယား၏ ပေါင်းစည်းညီညွတ်မှု၊ လုံခြုံမှု၊ တည်ငြိမ်မှုတို့အတွက် အာမခံချက်ရှိသော နည်းလမ်းဖြင့် နိုင်ငံပြန်လည်တည်ဆောက်ရာ၌ ဂျော်ဒန်နိုင်ငံက ဆီးရီးယားပြည်သူများကို ပံ့ပိုးကူညီသွားမည်ဟု ဂျော်ဒန်ဘုရင်က ပြောကြားခဲ့ကြောင်း Royal Hashemite Court ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလော ကျင်းပပြီးစီးခဲ့သည့် ဆီးရီးယားနိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ဆီးရီးယားပြည်သူများ၏ ပြင်းပြသော ဆန္ဒများကို ဖြည့်ဆည်းပေးလျက် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ၎င်းက ရည်ညွှန်းပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆီးရီးယားဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းစွာ နေရပ်ပြန်နိုင်မည့် သင့်တင့်လျောက်ပတ်သော အခြေအနေများကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ဆီးရီးယားအနေဖြင့် အာရပ်ကမ္ဘာတွင် တက်ကြွသော အခန်းကဏ္ဍမှ ပြန်လည်ပါဝင်လာရန် အရေးကြီးကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ထို့အတူ ဂျော်ဒန်ဘုရင်က ဆီးရီးယား ပိုင်နက်နယ်မြေအား အစ္စရေးက ထိပါးချိုးဖောက်နေမှုကို ပြစ်တင်ရှုတ်ချခဲ့ကာ ဆီးရီးယား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို ဂျော်ဒန်နိုင်ငံက ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1sa
………………………………………………………………
(English Version)
Jordan’s king affirms support for rebuilding Syria, condemns Israeli attacks
AMMAN, Feb. 26 (Xinhua) — King Abdullah II of Jordan met here on Wednesday with visiting Syrian interim President Ahmed al-Sharaa and affirmed Jordan’s support for Syrians in rebuilding their country.
Jordan will help Syrians “to rebuild their country in a way that involves all components of Syrian society and guarantees Syria’s unity, security, and stability,” the king was quoted as saying in a statement by the Royal Hashemite Court.
The king described the just-concluded Syrian National Dialogue Conference as an important step towards rebuilding Syria in a way that fulfills the aspirations of its people, according to the statement.
He also stressed the necessity of creating appropriate conditions for the voluntary and safe return of Syrian refugees to their homeland, as well as the importance of Syria’s return to its active role in the Arab world.
The king condemned “Israel’s encroachment on Syrian territory” and reiterated “Jordan’s support for Syria’s sovereignty, unity, and territorial integrity,” the statement said. xhtxs.cn/1sa
English Caption
King Abdullah II of Jordan (R) talks with Syrian interim President Ahmed al-Sharaa at Marka Military Airport in Amman, Jordan, Feb. 26, 2025. (Photo by Mohammad Abu Ghosh/Xinhua)