Africa & Middle East
ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂဝန်ထမ်း သေဆုံးခဲ့သည့်အပေါ် ကုလသမဂ္ဂအကြီးအကဲ အလွန်အမင်း စိတ်မကောင်းဖြစ်

ကုလသမဂ္ဂ၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး တုန်လှုပ်ခဲ့ရကြောင်း၊ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ ထိုဖြစ်စဉ်အား အပြည့်အဝ စုံစမ်းစစ်ဆေးရန် တိုက်တွန်းကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။
ဂါဇာဒေသ အလယ်ပိုင်း၊ ဒီယာ အယ်လ်ဘာလာမြို့ရှိ ကုလသမဂ္ဂ ဧည့်ရိပ်သာနှစ်ခု ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ထိမှန်ခဲ့သဖြင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး ဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားသူငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂနှင့် ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက မတ် ၁၉ ရက် နံနက်ပိုင်းက အတည်ပြုခဲ့သည်။ အစ္စရေးစစ်တပ်ကမူ အဆိုပါရုံးဝင်းအား တိုက်ခိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ကုလသမဂ္ဂ အဆောက်အအုံများ တည်ရှိရာ နေရာအားလုံးကို သိရှိထားပြီး ယင်းတို့အား ကာကွယ်စောင့်ရှောက်ခြင်းနှင့် ယင်းတို့၏ အကြွင်းမဲ့ ထာဝရတည်မြဲမှုအား ထိန်းသိမ်းခြင်းကို နိုင်ငံတကာဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောကြားခဲ့သည်။
ဂူတာရက်စ်က ကုလသမဂ္ဂဝန်ထမ်းများအား တိုက်ခိုက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အပြည့်အဝ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ထို့အတူ ပဋိပက္ခမှန်သမျှသည် အရပ်သားများအပေါ် အလေးအနက်ထားပြီး အကာအကွယ်ပေးထားသည့် ပုံစံမျိုးသာဖြစ်သင့်ကြောင်း ဂူတာရက်စ်က အလေးအနက်ပြောကြားခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အစ္စရေးက မတ် ၁၈ ရက် အစောပိုင်းမှစတင်၍ ဂါဇာဒေသအား အပြင်းအထန်တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည့်အတွက် လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် စတင်အသက်ဝင်လာသည့် ထိရှလွယ်သော အပစ်အခတ်ရပ်စဲမှုကို ကျိုးပျက်စေခဲ့သည်။ (Xinhua)
…………………..
(English Version)
UN chief saddened by death of staff member in Israeli attacks on Gaza
UNITED NATIONS, March 19 (Xinhua) — UN Secretary-General Antonio Guterres is “deeply saddened and shocked” by the death of a UN staff member during the Israeli bombing in the Gaza Strip, condemning all attacks on UN personnel and calling for a full investigation, his spokesman said on Wednesday.
A United Nations Office for Project Services personnel was killed and five others seriously injured after two UN guesthouses in Deir al Balah, central Gaza, were hit in the strikes, the UN and Gaza-based health authorities confirmed Wednesday morning. The Israeli military denied attacking the compound.
The locations of all UN premises are known to the parties to the conflict, who are bound by international law to protect them and maintain their absolute inviolability, Farhan Haq, deputy spokesman for the UN secretary-general, said.
Guterres strongly condemns all attacks on UN personnel and calls for a full investigation. He underscores that all conflicts must be conducted in a way that ensures civilians are respected and protected, Haq said.
Israel has resumed its assault on Gaza since early Tuesday, killing more than 400 people and shattering a fragile ceasefire that took effect on Jan. 19.
English Caption
UN Secretary-General Antonio Guterres speaks to the press outside the Security Council Chamber at the UN headquarters in New York, on Oct. 8, 2024. (Xinhua/Xie E)