Europe
ရုရှားနှင့် အမေရိကန်တို့က ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားဟု ကရင်မလင်နန်းတော် ပြော

မော်စကို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ရုရှားအစိုးရနှင့် အမေရိကန်အစိုးရတို့အနေဖြင့် ယူကရိန်း အကျပ်အတည်းအား ဖြေရှင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်ရန် နှစ်ဦးနှစ်ဖက်လုံးက ဆန္ဒရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။
နှစ်နိုင်ငံစလုံးအနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရန် ကိုယ်စီဆန္ဒရှိပြီး အသင့်ရှိနေကြောင်း၊ နှစ်ဖက်အကြား အပြန်အလှန်နားလည်မှု ရရှိထားကြောင်း ပက်စ်ကော့ဗ်က ဆိုသည်။
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ လတ်တလော ပြုလုပ်နေသည့် အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များကြား ဆွေးနွေးမှုများအတွင်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ် အများအပြားကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် အကျပ်အတည်း ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ မတူညီသော ရှုထောင့်အမျိုးမျိုးမှ သုံးသပ်အဖြေရှာရန် လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းဆွေးနွေးမှုများတွင် ပင်လယ်နက်ဒေသ ရေကြောင်းလုံခြုံမှုရှိရေးအတွက် အဓိကရည်ရွယ်သည့် ပင်လယ်နက်အဆိုပြုချက်အား ပြန်လည်ဖော်ဆောင်မည့် အလားအလာနှင့် စပ်လျဉ်း၍ အသေးစိတ် အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုကို ရပ်ဆိုင်းထားရန် သမ္မတ ဗလာတီမာပူတင်၏ ညွှန်ကြားချက်ကို လိုက်နာလျက်ရှိကြောင်း ပက်စ်ကော့ဗ်က ထပ်လောင်းပြောဆိုခဲ့သည်။ သမ္မတပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သီးသန့်လက်ဆောင်အဖြစ် ပုံတူပန်းချီကား လက်ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် ယူကရိန်းအရေးအတွက် အလားအလာရှိသော ဖြေရှင်းနည်းရရှိရန် အဓိကအာရုံစိုက်ကာ ပိုမိုကျယ်ပြန့်သော သဘောတူညီမှုတစ်ရပ် ရရှိရန် ရည်ရွယ်လျက် မတ် ၂၄ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုသစ်များ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Moscow, Washington committed to settling Ukraine crisis: Kremlin
MOSCOW, March 24 (Xinhua) — Moscow and Washington have a mutual desire to move forward with efforts to resolve the Ukraine crisis, Kremlin spokesman Dmitry Peskov said on Monday.
Peskov said that both countries share a “desire and readiness” to follow the path of a peaceful settlement, adding that there was a mutual understanding between the two sides.
Many technical issues will be discussed during negotiations between U.S. and Russian delegations currently taking place in Saudi Arabia’s capital, Riyadh, he said, noting, “In general, many different aspects related to the settlement still need to be worked out.”
The spokesman also said the talks would also cover details regarding a potential resumption of the Black Sea Initiative, which primarily aims to ensure maritime security in the Black Sea.
Peskov reiterated that the country’s forces are following the order of Russian President Vladimir Putin to halt strikes on Ukraine’s energy infrastructure.
He also confirmed that Putin had given U.S. President Donald Trump a portrait as a personal gift.
U.S. and Russian delegations kicked off a new round of talks in Saudi Arabia on Monday, focusing on a potential Ukraine settlement and the Black Sea ceasefire, with the goal of securing a broader agreement.
English Caption
This photo taken on March 18, 2025 shows an exterior view of the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)