Connect with us

မြန်မာ-ENG

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မြွေမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ

Herpetology Notes အွန်လိုင်းသိပ္ပံဂျာနယ်တွင် ဇွန် ၁၀ ရက်က ဖော်ပြထားသည့် မြွေမျိုးစိတ်အသစ်တွေ့ရှိမှု မှတ်တမ်းဓာတ်ပုံကို တွေ့ရစဉ်

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယခင်က မှတ်တမ်းမတင်ထားသော မြွေမျိုးစိတ်တစ်မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံ၏ တွားသွားသတ္တဝါများ ပေါကြွယ်ဝမှုကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိမှုကို Herpetology Notes အွန်လိုင်းသိပ္ပံဂျာနယ်တွင် ဇွန် ၁၀ ရက်က ဖော်ပြထားခြင်းဖြစ်ပြီး လာအိုမြွေဝံပုလွေ (Laotian wolf snake) (သို့မဟုတ်) အိမ်စောင့်မြွေ (Lycodon laoensis) ဟု ခေါ်သည့် အသစ်မှတ်တမ်းတင်ထားသော ထိုမြွေမျိုးစိတ်အား ယခင်က လာအို စသည့် နိုင်ငံများတွင်သာ မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တွေ့ရှိရသော လေ့လာမှုမှတ်တမ်းများအရ အိမ်စောင့်မြွေ (Lycodon laoensis) မျိုးစိတ်အား မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Snake species discovered in Myanmar for first time
YANGON, June 14 (Xinhua) — A species of snake previously undocumented in Myanmar has been recorded in the country, shedding light on the country’s growing reptile diversity.
The findings, published on June 10 by Herpetology Notes, an online-only, open-access scientific journal, stated that the newly reported Lycodon laoensis, also known as the Laotian wolf snake, was previously known only from countries such as Laos.
With observations from the states and regions of Kayin, Shan, and Tanintharyi, the species has now been documented in Myanmar for the first time, the report said.