News
အမေရိကန်-အီရန် သဘောတူညီချက်မရရှိ၊ အမေရိကန်သို့ ပြန်မည်ဟု JD Vance ဆို
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်ဘက်က အီရန်နှင့် သဘောတူညီချက်မရရှိကြောင်းနှင့် အမေရိကန်သို့ ပြန်မည် ဖြစ်ကြောင်း အမေရိကန် ဒုတိယ သမ္မတ JD Vance က ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ဧပြီ ၁၂ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ၂၁ နာရီကြာ(ဆွေးနွေး)ပြီးပါပြီ၊ အီရန်တွေနဲ့ လက်တွေ့ကျတဲ့ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။ ဒါက သတင်းကောင်းပါ။ သတင်းဆိုးကတော့ ကျွန်တော်
တို့ သဘောတူညီချက် မရရှိဘူးဆိုတာပါပဲ။ ကျွန်တော်ထင်ပါတယ်၊ ဒါက အမေရိကန်ထက်စာရင် အီရန်အတွက် ပိုပြီးဆိုးတဲ့ သတင်းပါ။ သဘောတူညီချက်မရတဲ့အခြေအနေမှာ ကျွန်တော်တို့ အမေရိကန်ကို ပြန်ရပါမယ်” ဟု JD Vance က ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
万斯:美伊尚未达成共识 将返美新华社伊斯兰堡4月12日电(记者邹学冕 杨恺)美国副总统万斯12日在巴基斯坦首都伊斯兰堡召开的新闻发布会上说,美方尚未与伊朗达成共识,将返回美国。 万斯说:“我们现在已经进行了21个小时(谈判),与伊朗人进行了多次实质性讨论。这是好消息。坏消息是我们尚未达成协议。我认为这对伊朗来说,比对美国来说更是坏消息。我们将在未达成协议的情况下返回美国。”(完)1.这是4月12日在巴基斯坦首都伊斯兰堡拍摄的美国代表团召开新闻发布会的电视画面。新华社发(王申摄)
