Connect with us

Europe

ရုရှားနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်က အလွန်ခက်ခဲကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြောကြား

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တူရကီနိုင်ငံ အန်တယ်လ်ရာမြို့၌ ပြုလုပ်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်က စကားပြောကြားနေစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အလွန်ခက်ခဲသည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။“စေ့စပ်ညှိနှိုင်းတဲ့လုပ်ငန်းစဉ်က အရမ်းခက်ခဲပါတယ်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့အနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက် ထားရှိပြီး တောင်းဆိုချက်တွေကို လက်လျှော့မှာမဟုတ်ဘူး’’ ဟု Kuleba ၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ဆွေးနွေးပွဲတွင် ယူကရိန်းဘက်မှ အပစ်အခတ်ရပ်စဲရေး၊ လုံခြုံရေးအာမခံချက်များနှင့် ယူကရိန်းနယ်မြေခိုင်မာရေး အတွက် အပြင်းအထန်တောင်းဆိုထားကြောင်း ၎င်းက အလေးထားပြောခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ဝဲဘက် ပထမ) ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba (ယာဘက် ပထမ) နှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu (အလယ်) တို့ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် တူရကီနိုင်ငံ အန်တယ်လ်ရာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ– Turkish Foreign Ministry/Handout via Xinhua)

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် အချက်လေးချက်အပေါ် သဘောတူညီချက်ရရှိခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ၏ ထုတ်ပြန်ချက်များအပေါ် မှတ်ချက်ပြုရာတွင် ဆွေးနွေးညှိနှိုင်းမှုများ၏ အဓိကခေါင်းစဉ်ကို လေးခု သို့မဟုတ် အခြားသောအချက်များအဖြစ် ခွဲခြားမှုမှာ မှားယွင်းကြောင်း Kuleba က ပြောကြားခဲ့သည်။
တချိန်တည်းမှာပင် ကိုယ်စားလှယ်အဖွဲ့ခွဲများက မတူညီသောပြဿနာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း Kuleba က ဆိုသည်။

ယူကရိန်းနိုင်ငံအနေဖြင့် ယူကရိန်းမြေပေါ်တွင် နဂိုမူလအတိုင်း ငြိမ်းချမ်းရေးပြန်လည်ရရှိရန် တူရကီနှင့် အခြားနိုင်ငံများနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့များအကြား စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ပြီးခဲ့သည့်အပတ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————-
(English Version)
Ukrainian FM says negotiation process with Russia “very difficult”
KIEV, March 25 (Xinhua) — Ukrainian Foreign Minister Dmytro Kuleba said that his country’s negotiation process with Russia is very difficult, the press service of the Ukrainian Foreign Ministry reported Friday.
“The negotiation process is very difficult. The Ukrainian delegation has taken a strong position and does not relinquish its demands,” Kuleba was quoted as saying.
He stressed that the Ukrainian side insists on a ceasefire, security guarantees, and territorial integrity of Ukraine at the talks.
While commenting on the statements of Turkish President Recep Tayyip Erdogan that Ukraine and Russia reached a consensus on the four points, Kuleba said the classification of key topics of negotiations into four or other points is incorrect.
Many different issues are discussed at the same time in the subgroups of delegations, Kuleba said.
He emphasized that Kiev will continue its dialogue with Turkey and other countries to restore peace on Ukrainian soil.
The fourth round of negotiations between Ukrainian and Russian delegations started last week via video link. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.