Connect with us

Local

ကချင်ပြည်နယ် အတွင်းရှိ အင်း ၁၄၈ အင်းကို လေလံတင် ရောင်းချ

ကချင်ပြည်နယ် အတွင်းရှိ အင်းများအား လေလံတင် ရောင်းချပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် အတွင်းရှိ ရေချို ငါးလုပ်ငန်း ဥပဒေအရ ပြည်နယ် အတွင်းရှိ အင်းဂရမ် စုစုပေါင်း ၁၄၉ အင်း ရှိရာ ၁၄၈ အင်းကို လေလံတင် ရောင်းချမှု ယနေ့ စတင်ခဲ့ကြောင်း ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

မြစ်ကြီးနားခရိုင် အတွင်းရှိ အင်းများနှင့် မိုးညှင်း ခရိုင် အတွင်းရှိ အင်းများကို လေလံတင် ရောင်းချရာ လေလံပွဲတွင် မြစ်ကြီးနား ခရိုင်အတွင်း (၃၇) အင်းရှိရာ မြစ်ကြီးနားမြို့နယ်တွင် (၁၁) အင်း အနက် (၁၀) အင်း၊ တနိုင်းမြို့နယ်တွင် အင်း (၂၀) အနက် (၁၅) အင်းနှင့် ဝိုင်းမော် မြို့နယ်တွင် (၆) အင်း အနက် (၄) အင်းတို့နှင့် မိုးညှင်း ခရိုင်အတွင်း အင်း (၃၀) ရှိရာ မိုးညှင်း မြို့နယ်တွင် အင်း (၅) အင်းအနက် (၄) အင်း၊ မိုးကောင်း မြို့နယ်တွင် အင်း (၈) အင်းအနက် (၆) အင်းနှင့် ဖားကန့် မြို့နယ်အတွင်း အင်း (၁၇) အင်း အနက် (၁၁) အင်းတို့ကို လေလံတင် ရောင်းချခဲ့သည်။

ဗန်းမော်ခရိုင် အတွင်းရှိ အင်း (၈၂) အင်းတို့ကို မေလ ၁၁ ရက်တွင် လေလံတင် ရောင်းမည်ဖြစ်ပြီး ကျန်ရှိနေသည့် အင်းများကို မေလ ၂၄ ရက်တွင် ဒုတိယ အကြိမ် ထပ်မံ လေလံတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် ငါးထုတ်လုပ်မှုမှာ အဆိုပါ ဂရမ်အင်းများမှ သဘာဝ ငါးများ ထုတ်လုပ်ခြင်းနှင့် ငါးမွေးကန် ထုတ်လုပ်ခြင်းများဖြင့် လုံလောက်မှု မရှိခြင်း၊ ပြည်နယ်အတွင်း ဥပဒေနှင့် မညီညွှတ်သော ငါးဖမ်းခြင်းများ ပြုလုပ်လျက် ရှိသည့်အတွက် ငါးစားသုံးမှုကို မန္တလေးနှင့် ရွှေဘို ဒေသများမှ ငါးများကို လစဉ် တင်သွင်းပြီး ဖြည့်တင်း ဆောင်ရွက်နေရသည်။

အဆိုပါ အင်းလေလံပွဲတွင် အင်းလုပ်ငန်း လုပ်ကိုင်သူ အင်းသားကြီးများ အနေဖြင့် ငါးမျိုး မပြုန်းတီးရေး အတွက် တရားမဝင် ငါးဖမ်းဆီးခြင်းများ မပြုလုပ် ကြရန်နှင့် ငါးမျိုး ထိန်းသိမ်ရေး အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် အထူးမှာ ကြားလိုကြောင်း၊ လေလံပွဲတွင်လည်း ပြည်နယ် အတွက် ထိုက်သင့်သည့် အခွန်အခ ရရှိစေရန်နှင့် ဥပဒေ နှင့် မညီညွှတ်သော ငွေကြေး ဆောင်ရွက်မှုများကို မပြုလုပ်ကြစေရန် လေလံဆွဲ ဝယ်သူများနှင့် တာဝန်ရှိ ဝန်ထမ်းများမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.