Connect with us

Local

ဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းလာဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းမှု အစီရင်ခံစာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား တွေ့ ရစဉ်(ဓာတ်ပုံ-WORLD BANK)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၀၄/၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဆယ်စုနှစ် တစ်ခု အတွင်း ကျဆင်းလျက်ရှိပြီး ၃၂.၁ ရာခိုင်နှုန်းမှ ၁၉.၄ ရာခိုင်နှုန်း သို့လျော့နည်းလာသည်ဟု နိုင်ငံတော် အစိုးရ နှင့် ကမ္ဘာ့ဘဏ်တို့၏ ၂၀၁၅ ခုနှစ် အထိ ရရှိသော အချက်အလက်များ အပေါ် အခြေခံကာ ပူးတွဲ ပြုစုသည့် အစီရင်ခံစာ အသစ် အရ သိရကြောင်း ကမ္ဘာ့ဘဏ်မှ ယနေ့သြဂုတ် ၃၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာတွင် လေ့လာ စိစစ်ချက် နည်းလမ်း နှစ်ရပ်ကို အသုံးပြုထားကြောင်း ပထမ နည်းလမ်းတွင် ၂၀၀၄/၀၅ အချက်အလက် များအပေါ် အခြေခံထားသည့် ၂၀၀၇ ခုနှစ် အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းအရ ဖြစ်ကြောင်း ၊ ဒုတိယနည်းလမ်းတွင် ၂၀၀၉/၁၀ အချက်အလက် များအပေါ် အခြေခံ ထားသည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် နည်းလမ်းအရ ဖြစ်ကြောင်း ၊ နည်းလမ်း နှစ်ရပ်လုံး အရ ဆင်းရဲနွမ်းပါးမှု နှုန်း ကျဆင်း နေကြောင်း လေ့လာတွေ့ရှိရကြောင်း ဖော်ပြထားသည်။

ယခု ပူးတွဲ ပြုစုသည့် အစီရင်ခံစာအရ မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်ရှိ အခြေအနေ အချိန်အခါနှင့် လျှော်ညီသော လူနေမှု အဆင့်အတန်း အချက်အလက်များအပေါ် အခြေခံကာ ဆင်းရဲ နွမ်းပါးမှု တိုင်းတာသည့် နည်းလမ်းအား ပြန်လည် စိစစ် သုံးသပ် ပြင်ဆင်ရန် နှင့် အခြေခံ အချက်အလက်များကို ပြန်လည် သတ်မှတ်ရန် အကြံပြုထားကြောင်း သိရသည်။

အိမ်ထောင်စု တစ်ခုချင်းစီ၏ အသုံးစရိတ်သည် ယေဘူယျ အားဖြင့် နှစ်စဉ် ၁.၄ ရာခိုင်နှုန်း တက်လာရာ ထိုအချက်သည် လူနေမှု အဆင့်အတန်း မြင့်မားလာကြောင်း ပြသသည့် အချက် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျေးလက်ဒေသရှိ ပြည်သူများ၏ လူနေမှု ဘ၀ နှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ များတွင် ဖွံ့ဖြိုး တိုးတက် လာအောင် ဆက်လက် ဆောင်ရွက်သွားမည် ဆိုပါက ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးအတွက် အထောက် အကူ ပြုနိုင်မည်ဟု စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြောင်း ဖော်ပြထားသည်။

ယခု အစီရင်ခံစာ သည် ဆင်းရဲ နွမ်းပါးမှု တိုင်းတာသည့် နည်းလမ်းအား ပြန်လည် စိစစ် သုံးသပ ်ပြင်ဆင်ရန် နှင့် အခြေခံ အချက် အလက် များကို ပြန်လည် သတ်မှတ်ရန် အကြံပြုထားသည့် အပိုင်း ၂ ပိုင်းပါ စိစစ်သုံးသပ်ချက်၏ ပထမ အပိုင်း ဖြစ်ကြောင်း ဒုတိယပိုင်းအား ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.