Local
သွင်းကုန်အစားထိုးလုပ်ငန်းများ လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များအား ပံ့ပိုးကူညီမည်
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၌ သွင်းကုန်အစားထိုးလုပ်ငန်းများ လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များအား အစိုးရအနေဖြင့် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအထက်ပိုင်းအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည့် အဓိက တိုင်းဒေသကြီးဖြစ်သဖြင့် သွင်းကုန်အစားထိုးလုပ်ငန်းများ လုပ် ကိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များအား အရည်အသွေးမီ ကုန်စည်များ ထုတ်လုပ်လိုပါက မိမိတို့အစိုးရအနေဖြင့် မြေတောင်မြှောက်ပေးလိုကြောင်းနှင့် အဘက်ဘက်မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းအစီအစဉ်များရှိပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည် တို့သည် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရေး ပိုမိုအားပေးကြောင်း၊ အထူးသဖြင့် ပို့ကုန် ပိုမိုတိုးမြှင့်ရန်နှင့် သွင်းကုန် အစားထိုးနိုင်မည့် လုပ်ငန်းများကို ပိုမိုအားပေးသွားရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါ လုပ်ငန်းများရှင်သန် တိုးတက်စေရန် အခွန်မူဝါဒဖြင့် ကာကွယ်ထိန်းကျောင်းသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ (Xinhua)