Connect with us

Local

FMIကုမ္ပဏီ၏ အစုရှယ်ယာ ဇူလိုင်လဆန်းမှစ၍ တစ်စုလျှင် ၂၁,၀၀၀ကျပ်သို့ ကျဆင်း

ရန်ကုန်မြို့ စတော့ရှယ်ယာ ဈေးကွက်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ အစုရှယ်ယာသည် ဇူလိုင်လဆန်းပိုင်းမှစ၍ အစုရှယ်ယာများ တစ်စုလျှင် ၂၁,၀၀၀ ကျပ်သို့ ကျဆင်းလာကြောင်း အဆိုပါ စတော့ အိတ်ချိန်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

FMI ကုမ္ပဏီက မတ်လ ၂၅ ရက် စတော့အိတ်ချိန်း စတင်ရောင်းချသည့်နေ့ ဖွင့်ဈေး ကျပ် ၂၆,၀၀၀ ဖြင့် စတင်ရောင်းချရာ ၁၁ နာရီတွင် ကျပ် ၅,၀၀၀ တက်သွားကာ နောက်ဆုံး ဈေးပိတ်ချိန်၌ ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀ ထိဖြစ်ခဲ့ပြီး ပထမအကြိမ်တွင် စုစုပေါင်း အစုရှယ်ယာ ၄၂,၆၁၀ ရောင်းချနိုင်ခဲ့ပြီး ရှယ်ယာရောင်း ပမာဏ ကျပ်သန်း ၁,၃၂၁ သန်း ရှိခဲ့သည်။
ဇွန်လ အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာများသည် ရှယ်ယာတစ်စုလျှင် ကျပ် ၂၀,၅၀၀ အထိ ကျဆင်းခဲ့ဖူးသည်။
အဆိုပါ အစုရှယ်ယာ ဈေးနှုန်းများ ကျဆင်းလာမှုသည် ရှယ်ယာရောင်းချချိန် လေးလ အတွင်း ၁၆ ရာခိုင်နှုန်း ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်း FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချချိန်တွင် ဝယ်လို အားများ၍ အစုရှယ်ယာ တစ်စုလျှင် ၄၁,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက် ခဲ့ဖူးသည်။
လက်ရှိ သီလဝါကုမ္ပဏီ၏ အစုရှယ်ယာတစ်စုလျှင် ကျပ် ၄၉,၀၀၀ ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.