Connect with us

Local

မြန်မာနိုင်ငံက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၂ သန်းကျော် ရရှိ

ရန်ကုန်မြို့တွင် စပါးစိုက်ပျိုးနေသော တောင်သူများကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၂.၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မှာ ၂၀၂၃ ခုနှစ်တွင် ဧပြီလတွင် စတင်ပြီး ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ဖြစ်သည်။ယမန်နှစ်၏ ပထမ သုံးလပတ် ကာလတူတွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၀၉၁.၅၅ သန်း ရရှိခဲ့သောကြောင့် ယမန်နှစ်ထက် လယ်ယာထွက်ကုန်တင်ပို့မှု ကျဆင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေး ၌ သရက်သီးများခင်းကျင်းထားသော ဈေးဆိုင်များကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတန်ချိန်၂.၂၆ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ (Xinhua)

#စိုက်ပျိုးရေး #Agriculture

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.