Connect with us

Business

မြန်မာနိုင်ငံတွင် ၁၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု မှ အမေရိကန်ဒေါ်လာ ၁.၆၂ ဘီလီယံကျော် ရရှိခဲ့

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) မှ အမေရိကန်ဒေါ်လာ ၁.၆၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ၇၃ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၁ လတာကာလအတွင်း လျှပ်စစ်ကဏ္ဍ မှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၂၀. ၂၇ သန်းကျော်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၀၀.၉၁ သန်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍမှ ဒေါ်လာ ၂၅၈.၀၂ သန်းကျော်ရှိကြောင်း DICAမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

စင်ကာပူ၊ တရုတ် နှင့်ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံများဖြစ်သည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.