Connect with us

Business

မြန်မာနိုင်ငံ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျင်းပမည်

ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာ့ခရီးသွားပြပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲများနှင့် ဓာတ်ပုံပြပွဲ၊ ခရီးသွားမှုမြှင့်တင်ရေး short video clip ပြိုင်ပွဲတို့ကို စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ဩဂုတ် ၂၀ ရက်တွင် ကျင်းပပြီး မန္တလေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပန်းစကားပြိုင်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲများအပြင် စာစီစာကုံးရေးခြင်း၊ ဆောင်းပါးရေးခြင်း၊ ဓာတ်ပုံပြိုင်ပွဲနှင့် ခရီးသွားမြှင့်တင်ရေး ဗီဒီယိုအပိုင်းတိုပြိုင်ပွဲများ ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် အခြားပွဲများ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို “ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး” ဆောင်ပုဒ်ဖြင့် ဂျော်ဂျီယာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် ၁၃ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာ့ခရီးသွားပြပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.