Business
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်လျက်ရှိကြောင်း မတ် ၁၉ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းတွင်ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ငွေကြေးယွမ် (CNY) ဖြင့်ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) ဖြင့် ယူဆောင်လာပါက (USD) ဖြင့်လည်းကောင်း၊ တရုတ်ငွေကြေးယွမ် (CNY) ဖြင့်ယူဆောင်လာပါက တရုတ်ငွေကြေးယွမ် (CNY) ဖြင့်လည်းကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
