Connect with us

Culture & Entertainment

နာမည်ကျော် တရုတ် အော်ပရာတင်ဆက်သူ Mei Baojiu အသက် ၈၂ နှစ်တွင် ကွယ်လွန်

နာမည်ကျော် တရုတ် အော်ပရာတင်ဆက်သူ Mei Baojiu အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

နာမည်ကျော် တရုတ် အော်ပရာတင်ဆက်သူ ဖြစ်သလို အထင်ကရ တရုတ် ပြဇာတ်ဆရာ၏ သား အသက် ၈၂ နှစ်အရွယ် Mei Baojiu သည် ဧပြီလ ၂၅ ရက်နေ့တွင် ပေကျင်းမြို့၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

သတိမေ့ ရောဂါ ခံစားနေရပြီး ချောင်းဆိုး ရင်ကျပ်နာ စွဲကပ်နေသော Mei သည် ဧပြီလ ၂၅ ရက် နံနက် ၁၁း၀၀ နာရီတွင် ဆေးရုံ၌ သေဆုံးသွားကြောင်း ပေကျင်းရှိ Jingju ပြဇာတ် ကုမ္ပဏီ အဆိုအရ သိရသည်။

၁၉၃၄ ခုနှစ် မတ်လ ၂၉ ရက်၌ မွေးဖွားခဲ့သည့် Mei Baojiu သည် ၂၀ ရာစုခေတ်က ကျော်ကြားသော တရုတ် အနုပညာရှင်နှင့် ပီကင်းအော်ပရာ “Mei School” အား တီထွင်သူ Mei Lanfang ၏ ၉ ယောက်မြောက် သားဖြစ်သည်။

Jingju ပြဇာတ် ကုမ္ပဏီ၏ Mei Lanfang ပီကင်း အော်ပရာ၏ ခေါင်းဆောင်ဖြစ်သူ Mei Baojiu သည် “Farewell My Concubine”, “Lady General Mu Takes Command” နှင့် “The Drunken Beauty” စသည့် ဂန္တဝင် အော်ပရာ ပြဇာတ်များတွင် ပါဝင် သရုပ်ဆောင်ခဲ့ခြင်းဖြင့် ကျော်ကြားလာခဲ့သူ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.