Connect with us

Culture & Entertainment

ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် ကော်ဖီသီးနှံရိတ်သိမ်းရာသီ ရောက်ရှိလာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်ဆန်းမြို့ လုန်ရန်ခရိုင် ထန့်ရှီကျေးရွာတစ်နေရာရှိ ကော်ဖီခြံတွင် ကော်ဖီစိုက်တောင်သူများ ကော်ဖီသီးနှံ ခူးဆွတ်နေသည်ကို နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါင်ဆန်း (ယူနန်)၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

လတ်တလောတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်ဆန်းမြို့သည် ကော်ဖီသီးနှံရိတ်သိမ်းရာသီသို့ ရောက်ရှိလာပြီး ဒေသခံ ကော်ဖီစိုက်တောင်သူများသည် ရာသီဥတုကောင်းမွန်သည့်အချိန်တွင် ကော်ဖီသီးနှံများကို ခူးဆွတ်ခြင်း၊ အချောကိုင်ခြင်းများ ပြုလုပ်ကာ ကော်ဖီခြံများတွင် အလုပ်များလျက်ရှိသော မြင်ကွင်းများ ဖြစ်ပေါ်နေပေသည်။

ပေါင်ဆန်းမြို့သည် အနောက်ဘက်တွင် ကောင်းလီကုန့်တောင်တန်း၊ အရှေ့ဘက်တွင် နုကျန်းမြစ်တို့နှင့် ကပ်လျက်တည်ရှိပြီး ၎င်း၏ ထူးခြားသော ခြောက်သွေ့ပူပြင်းသည့် ချိုင့်ဝှမ်းဒေသရာသီဥတုသည် သဘာဝအလျောက်ရရှိသော ကော်ဖီစိုက်ပျိုးရေး အခြေအနေများကို ဖန်တီးပေးထားသည်။ မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ စီးပွားရေးသီးနှံများ သုတေသနဌာနအား အားကိုး၍ ပေါင်ဆန်းမြို့သည် Typica ၊ Bourbon ၊ Geisha စသည့် အထူးကောင်းမွန်သောကော်ဖီမျိုးစိတ်များကို ရွေးချယ်၍ ကျယ်ကျယ်ပြန့်ပြန်စိုက်ပျိုးခဲ့ရာ ကော်ဖီမျိုးစိတ်မျိုးကွဲများ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ (Xinhua)

(Chinese Version)

——————————
云南保山:咖啡进入收获季
新华社照片,保山(云南),2025年11月17日
近期,云南省保山市迎来咖啡收获季,当地咖农趁晴好天气采摘、加工咖啡果,咖啡园中一派繁忙景象。
保山市西靠高黎贡山、东临怒江,其独特的干热河谷气候提供了得天独厚的咖啡种植条件。近年来,依托云南省农业科学院热带亚热带经济作物研究所,保山选育推广出铁皮卡、波邦、瑰夏等精品品种,实现了咖啡品种多样化发展。
图说1:11月16日,咖农在云南省保山市隆阳区烫习村一处咖啡园采摘咖啡果。 新华社记者 高咏薇 摄