Connect with us

Culture & Entertainment

မြို့ပြယဉ်ကျေးမှု ရှုခင်းစီးပွားရေးရပ်ဝန်းများက ရှီးအန်းမြို့ရိုးအား အရောင်အဆင်းအသစ်ဖြင့် တောက်ပစေ

ရှီးအန်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့ရိုးသည် စွေမင်းဆက်နှင့်ထန်မင်းဆက်များတွင် စတင်တည်ဆောက်ခဲ့ပြီး မင်မင်းဆက် ကာလတွင် ချဲ့ထွင်တည်ဆောက်ခဲ့သည်။

ယင်း၏ ပတ်လည်အရှည်သည် ၁၃.၇၄ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံတွင် လက်ရှိ ကျန်ရှိသော သမိုင်းအရှည်ကြာဆုံးနှင့် ထိန်းသိမ်းမှု အပြည့်စုံဆုံး ရှေးဟောင်းမြို့ရိုးအဆောက်အအုံဖြစ်သည်။ မကြာသေးမီနှစ်များတွင် ရှီးအန်းမြို့သည် မြို့ရိုးထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို ကောင်းမွန်စွာလုပ်ဆောင်သည့် အခြေခံပေါ်၌ မြို့ပတ်ဥယျာဉ်များ ကောင်းမွန်ပြည့်စုံအောင် တည်ဆောက်ခြင်း၊ “မြို့ရိုးစီးပွားရေးရပ်ဝန်း” ဖွံ့ဖြိုးတိုးတက်ရေးစသည့် အစီအမံများမှတစ်ဆင့် “မြို့ရိုး၊ သစ်တော၊ မြစ်၊ လမ်းနှင့် လမ်းကြား” နေရာ ၅ ခု ပေါင်းစည်းထားသော မြို့ပြရှုခင်းရပ်ဝန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ထို့အပြင် ပြတိုက်ပြပွဲများ၊ လက်တွေ့မြင်ကွင်း အနုပညာဖျော်ဖြေပွဲများနှင့် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ခရီးသွားဧည့်သည်များ၏ ခရီးသွားအတွေ့အကြုံများကို ကြွယ်ဝစေလျက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို စွမ်းအားအသစ်များ တောက်ပလာစေခဲ့သလို ရှေးဟောင်းမြို့အား အရောင်အဆင်းအသစ်များ ထပ်တိုးစေခဲ့သည်။ (Xinhua)
…………
(Chinese Version)
城市文化景观商业带:西安城墙焕新出彩
新华社照片,西安,2025年9月12日
西安城墙始建于隋唐、扩建于明代,周长13.74公里,是中国现存历史最悠久、保存最完整的古代城垣建筑。近年来,西安在做好城墙保护的基础上,通过建设完善环城公园、发展“城墙商业带”等一系列措施构建起“墙、林、河、路、巷”五位一体的城市景观带,并借助博物展览、实景演艺、数字技术丰富游客旅游体验,使古老的文化遗产焕发出新的活力,也为古城增光添彩。
图说1:游客在西安城墙永宁门西侧游览(2025年9月10日摄)。 新华社记者 朱唯希 摄
图说2:游客在西安城墙上拍照游玩(2025年9月10日摄)。新华社记者 朱唯希 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.